နောက် တိမ်တိုက်အတွက် တီရှပ်နှင့် ချည်ဘောင်းဘီ ၂စုံလည်း ဝယ်ထည့်ထားဖြစ်သည်။ တိမ်တိုက်လာဖြစ်လျှင် လဲလို့ရအောင်ဖြစ်သည်။

အသုံးအဆောင်တွေကိုလည်း တစ်ခုပိုဝယ်ထားလိုက်သည်။ တစ်ယောက်တည်းနေသော ခွန်းတိုက်ခန်းတွင် ပန်းကန် ၂ ချပ် ၊ ဇွန်း ၂ ချောင်း ၊ ကော်ဖီခွက် ၂ခွက်၊သွားတိုက်တံ ၂ ချောင်း၊ အခန်းစီးဖိနပ် ၂ ရံ စသည်ဖြင့် တစ်ကိုယ်ရည် သုံးပစ္စည်းတွေပါ တိမ်တိုက်အတွက် ပိုဝယ်ထားသည်။

ခေါင်းအုံးတောင် တစ်လုံးပိုဝယ်ထားသည်။ စောင်ကတော့ တစ်ထည်တည်းပင်။

(အစကတည်းက ခွန်းကအကြံနဲ့ဟ)

ထို့ပြင် ဘေဘီမှိုင်း ပါ တစ် set ရှိသေးသည်။ တိမ်တိုက်စိတ်ပါလျှင် ခွန်းဆီတောင် လာပြောင်းနေလို့ရသည်။

ကော်ဖီနှစ်ခွက် ဖျော်ပြီးပြန်ထွက်လာသည်အထိ တိမ်တိုက်မှာဘေးတစ်စောင်းလေးအိပ်နေတုန်း ။ ခွန်း မျက်မှောင်တစ်ချက်ကြုံ့လိုက်ပြီး ကော်ဖီခွက်တွေကို စားပွဲခုံပေါ်ချကာ ကုတင်နားလျှောက်သွားလိုက်ပြီး တိမ်တိုက်ကိုယ်ကို ပက်လက်ဖြစ်အောင် အတည့်လှည့်လိုက်ကာ ဒူးခေါင်းအောက်လက်လျိူပြီး ပွေ့ချီလိုက်ကာ ရေချိူးခန်းဘက်လျှောက်လိုက်သည်။

အိပ်လို့ကောင်းနေတုန်း လေပေါ်မြောက်ခနဲတက်သွားတာကြောင့် တိမ်တိုက်လန့်ဖျက်ကာ အလျင်စလိုမျက်လုံးဖွင့်ကြည့်တော့ ညိုချောသော အသားရောင်နှင့် သန်မာထွားကြိုင်းသော အမျိုးသားတစ်ယောက် ကသူ့ကိုချီထားသည်။

ပြုတ်ကျမှာစိုးသည့်အတွက် လည်ပင်းကိုအမြန်လှမ်းတွယ်လိုက်ပြီး

'' အားးမောင် ချ ချ ''

'' မနက်အစောကြီးရှိသေးတယ် ''

ခွန်း၏ နီညိုရောင် သန်းနေသော နှုတ်ခမ်းလေးမှာ အထက်သို့အနည်းငယ်တွန့်တက်သွားပြီး ရေချိူးခန်းထဲချပေးလိုက်တော့သည်။ အောက်ချပေးတာပါနော်။

တိမ်တိုက်ရေချိူးခန်းထဲရောက်တော့ သွားတိုက်တံတွင် သွားတိုက်ဆေးက အသင့် ။ ပြီး သူသုံးနေကျ ရေချိူးဆပ်ပြာပါ ရှိနေသေးသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now