အခုတော့ အဲ့ဒီက ကမ္ဘာက ဘာဖြစ်နေလဲဆိုတာ မသိဘူး။သူ့မိဘတွေက သူပျောက်နေတယ်ဆိုတာ ရှာတွေ့ပါ့မလား။မဖြစ်နိုင်လောက်ဘူး။ငါးနှစ်ရှိပြီ။သူ့အိမ်နဲ့အဆက်အသွယ်မလုပ်ခဲ့တာ ငါးနှစ်ရှိခဲ့ပြီ။သူ့မိဘတွေက ၀တ္တရားမသိတတ်တဲ့သူ့လိုသားမျိုးကို မလိုချင်ကြတော့ဘူး။သူတို့က ဘယ်နေရာကို ရွေ့ပြောင်းမယ်ဆိုတာကိုတောင် သူ့ကို မပြောချင်ခဲ့ကြဘူး။သူက သူ့မိဘတွေရဲ့နှလုံးသားကို ခွဲခဲ့တာကြောင့် ဆွေမျိုးတွေက သူ့ကို ပြောပြဖို့ ဆန္ဒမရှိကြဘူး။

သူရုတ်တရက်ရှာတွေ့သွားတာကတော့ မူလကမ္ဘာက တစ်ယောက်ကမှ သူပျောက်ဆုံးနေတာကို ရှာတွေ့လိမ့်မှာမဟုတ်ဘူးဆိုတာကိုပဲ။သူက ကမ္ဘာကြီးထဲကနေ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့ရုံလေးလိုပဲ။သူက ဘာလို့ ဒီနေရာကို အခေါ်ခံခဲ့ရတာလဲ?ဘာလို့လဲဆိုတော့ မရှာဖွေကြမှာမို့လို့ပဲ။

ပြီးတော့ ဒီကမ္ဘာမှာ သူကဘာလဲ?အေးစက်နေတဲ့မျက်ရည်တွေက သူ့ပါးပြင်ပေါ် စီးကျလာပေမယ့် အတွေးတွေထဲ နစ်မြုပ်နေတဲ့ ပိုင်မုက အဲ့ဒါကို မခံစားရဘူး။နွေးထွေးတဲ့လက်တစ်စုံက သူ့ရဲ့မျက်ရည်တွေကို မသုတ်ပစ်ပေးခင်ထိပဲ။ပိုင်မုက သူ့စိတ်တွေ ပြန်ရလာပြီး တောက်ပနေတဲ့လရောင်နဲ့အတူ သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ သူ့ကို စိုးရိမ်ပူပန်စွာ ငြင်သာနူးညံ့စွာကြည့်နေတဲ့ ချောမောခန့်ညားတဲ့ယောက်ျားကို ကြည့်လိုက်ကာ ပိုပြီး ၀မ်းနည်းလာတယ်လို့ ခံစားလိုက်ရတယ်။

"ဘာလို့ အခုထိ မင်းမအိပ်သေးတာလဲ"ပိုင်မုက မျက်ရည်တွေကို သုတ်ပစ်လိုက်ပေမယ့် တခါတစ်ရံတော့ စီးကျနေခဲ့ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ခဲ့တယ်။

"မင်းဘာဖြစ်တာလဲ ပြသနာရှိလို့လား"ခဲယ်လ်တစ်က ၀မ်းနည်းနေတဲ့ပိုင်မုကို ကြည့်လိုက်ပြီး သူ့ရဲ့နာကျင်မှုတွေကို မျှဝေခံစားဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေတယ်။

"ဘာမှမဖြစ်ပါဘူး အိမ်လွမ်းနေလို့ပါ ဒါပေမယ့် အိမ်မှာ ကျွန်တော့်ကိုစောင့်နေမယ့်သူတစ်ယောက်မှ မရှိဘူး"ပိုင်မုက ကြယ်တွေပြည့်နေတဲ့ကောင်းကင်ကို ကြည့်လိုက်တယ်။ သူငိုကြွေးချင်တဲ့အချိန် သူ့ခေါင်းကို မော့လိုက်တဲ့အခါ မျက်ရည်တွေ ထွက်လာတော့မှာမဟုတ်ဘူးလို့ ဘယ်သူပြောခဲ့မှန်း သူမသိတော့ဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now