26

6.6K 410 68
                                    

[ Zawgyi ]
---------------

လေးလံနေတဲ့မျက်ခွံများကို မနည်းအားတင်းကာဖွင့်ကြည့်လိုက်သော်လည်း တရိပ်ရိပ်မူးနေသောခေါင်းကြောင့် နေးညို့ရဲ့မျက်ခုံးတွေတွန့်ချိုးသွားသည် ။

မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း ပြင်ပအလင်းရောင်နဲ့အသားကျအောင်ကြိုးစားလိုက်တော့မှ မျက်စိရှေ့မှာမြင်လိုက်ရတာက ဦးအောင် ။ မတ်တပ်ရပ်နေတဲ့ဦးအောင်ဘေးမှာ ထိုင်ခုံပေါ်၌ခြေချိတ်ထိုင်နေသော လူတစ်ယောက် ။ ထိုသူ့ကိုမြင်တော့မှ နေးညို့ရင်ထဲတင်းခနဲဖြစ်သွားသည် ။

" joe ! "

" နိုးလာပြီလား နေးညို့ "

" ကျွန်တော်ဘယ်ရောက်နေတာလဲ ... ဦးအောင်ကကော ဘယ်လိုလုပ်ပြီးဒီလူနဲ့ရှိနေတာလဲ "

ဦးအောင်ပြောတဲ့အတိုင်း နေ့ခင်းရောက်တော့ အိမ်ကလူတွေမည်သူမျှမသိအောင် ခိုးထွက်လာခဲ့ရင်း လမ်းထိပ်မှာရပ်ထားသောကားတစ်စီးပေါ်၌ ဦးလေးဖြစ်သူကိုတွေ့ရသည် ။ ဘယ်သူပါလာသေးလဲ နောက်လှည့်တကြည့်ကြည့်နဲ့လုပ်နေတော့ ဦးအောင်က " ကားပေါ်တက် တစ်နေရာမှာစကားသွားပြောမယ် " ဆိုလို့ ကားရှေ့ခန်းမှာတက်ထိုင်လိုက်ကာမှ ရုတ်ချည်းပင် အနောက်ဘက်ကနေ နေးညို့ရဲ့နှာခေါင်းကိုပုဝါတစ်ခုဖြင့်အုပ်ခံလိုက်ရပါသည် ။ မရမကရုန်းကန်ပေမဲ့ ပြင်းရှလွန်းတဲ့အနံ့စူးစူးကြောင့် တဖြည်းဖြည်းမူးဝေလာသောခေါင်းက နေးညို့ကိုအမှောင်ကမ္ဘာထဲသို့ဆွဲခေါ်သွားလေရဲ့ ။

အခုပြန်ပြီးသတိရလာတော့ ကားပေါ်မှာမဟုတ်ပဲ အခန်းတစ်ခန်းထဲမှာ ။ ပြီးတော့ ဦးအောင်အပြင် joe ရယ် joe ရဲ့တပည့်တပန်းတွေ ၃ ယောက်လောက်ပါရှိနေသည် ။

ဒါ ဘာသဘောလဲ !!!

" အရမ်းမစိုးရိမ်ပါနဲ့ ... ငါမင်းကိုဘာမှမလုပ်ဘူး ... လိုအပ်တာလေးရှိလို့သာ ခေါ်ထားရတာ "

" ဘာလိုအပ်တာလဲ joe !!! ဒါ ခင်ဗျားကျွန်တော့်ကို ပြန်ပေးဆွဲလာတာနဲ့တူတူပဲ ... ဘယ်လောက်တောင် အောက်တန်းကျတဲ့လုပ်ရပ်လဲဆိုတာသိရဲ့လား !! ဦးအောင် !! ဦးအောင် သူနဲ့ဘာလို့သိနေတာလဲ ... ဦးအောင်ကကော သူ့ရဲ့ဘက်တော်သားပဲလား ... ဘာဖြစ်လို့ ဒီလိုလုပ်ရက်ရတာလဲဗျာ ... ကျွန်တော်က ဦးအောင်ရဲ့တူအရင်းလေ ... ဦးအောင် ဒုက္ခရောက်နေတယ်ထင်လို့ သနားပြီးတော့လာတွေ့တာ ... ကျွန်တော့်ယုံကြည်မှုကိုအလွဲသုံးစားလုပ်ဖို့မဟုတ်ဘူး "

Let Me Be Your Man / M-Preg ( Complete ) [ ZG & Uni ]Where stories live. Discover now