Chapter 13.2

Beginne am Anfang
                                    

သားရဲလူသားတွေရဲ့စွမ်းအားက အရမ်းစွမ်းအားကြီးပြီးတော့ သူသင့်တော်တယ်လို့တွေးတဲ့ကျောက်တုံးကို သူရှာတွေ့တဲ့အချိန် သူက သူတို့ကို တစ်နေရာထဲမှာ စုပုံထား‌စေ လိုက်တယ်။အဆုံးမှာ ပိုင်မုက ဘယ်ကျောက်တုံးတွေကို ရွေးချယ်ရမလဲဆိုတာ ဆုံးဖြတ်လိုက်တယ်။သူက သူတို့ ‌ကြီးမားတဲ့ကျောက်တုံးတွေကို ရွှေ့နေတာကို စောင့်ကြည့်နေတဲ့အချိန် ပင်ပန်းပြီး နည်းနည်းလန့်တယ်လို့ခံစားရတယ်။

တနေ့လည်ခင်းလုံး ရှာဖွေပြီးနောက် ပိုင်မုက နောက်ဆုံးမှာ အချင်း1.5 metersလောက်ရှိတဲ့ ကျောက်တုံးကြီးသုံးတုံးကို ရွေးချယ်လိုက်တယ်။သူက ဒယ်စောက်အနည်းငယ်လောက် လုပ်ချင်ပြီး မျိုးနွယ်စုထဲက  အသက်အရွယ်ကြီးတဲ့လူတွေနဲ့ ဒဏ်ရာရနေတဲ့စစ်သည်တွေက ဆားကို အတူတကွ ချက်နိုင်လိမ့်မယ်။ထို့နောက် ဆားကို လူတိုင်းဆီ ဖြန့်ဖြူးနိုင်လိမ့်မယ်။ဒီနည်းလမ်းနဲ့ ကျောက်သားအိုးတွေရဲ့အလုပ်ပမာဏကို လျှော့ချနိုင်ပြီး သက်ကြီးရွယ်အိုတွေနဲ့ စစ်သည်တွေက သူတို့ရဲ့ကိုယ်ပိုင်တန်ဖိုးကို ရှာတွေ့နိုင်ပြီ။

Orcsတွေက ပိုင်မုရွေးချယ်ထားတဲ့ ကျောက်တုံးကြီးတွေကို ကြိမ်တွေနဲ့ချည်နှောင်လိုက်ပြီး သူတို့ကို မျိုးနွယ်စုထဲသို့ ပြန်ပို့ကာ တောင်ခြေရင်းက ရှင်းလင်းထားတဲ့နေရာမှာ သူတို့ကို နေရာချထားလိုက်တယ်။သူတို့အသုံးပြုဖို့မလုပ်ခင်မှာ ကျောက်တုံးတွေက ပြုပြင်ရမယ်။ကျောက်သားအိုးတွေ ထုတ်လုပ်ဖို့ နောက်တစ်နေ့မနက်စောစောမှာ *ဒီနေရာကိုလာဖို့ သူတို့စီစဉ်ထားလိုက်ကြတယ်။(T/N-ခဲယ်လ်တစ်အိမ်)

အဲ့ဒီအချိန်မှာ မျိုးနွယ်စုထဲက ကလေးတွေက ကစားနေကြပြီး အရွယ်ရောက်သူတွေက ကြီးမားတဲ့ကျောက်တုံးတွေကို ယူပြန်လာတာကို သူတို့မြင်တဲ့အခါ သူတို့(orcsတွေ)ကို သိချင်စိတ်ပြင်းပြစွာ ကြည့်လာကြတယ်။သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ ခြင်္သေ့လေး‌တပေါကလည်း သူ့အစ်ကိုကြီးနဲ့ အနာဂတ်towerကို မြင်ပြီး စိတ်လှုပ်ရှားစွာ ပြေးလာခဲ့တယ်။

"အစ်ကိုကြီး၊ အစ်ကိုကြီးပိုင်မု "တပေါက သူ့ကိုယ်သူ *ရှပ်လ်တာ(ခဲယ်လ်တစ်)ရဲ့လက်မောင်းထဲ ပစ်၀င်လိုက်တယ်။သူရဲ့အကြီးဆုံးအစ်ကိုက သူ့အတွက် အစ်ကိုကြီးတစ်ယောက်လည်းဖြစ်သလို အဖေတစ်ယောက်လည်းဖြစ်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Wo Geschichten leben. Entdecke jetzt