🍀 ချစ်မိသည့်အချိန်မှာမှ..... (Unicode)

83 17 16
                                    

ချစ်မိသည့်အချိန်မှာမှ

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

ချစ်မိသည့်အချိန်မှာမှ.....

Author
Violet Htet (KimHtet3)

မင်းနှုတ်ခမ်းကစတော်ဘယ်ရီလိုလုံးလုံးလေး။
မင်းရဲ့နှုတ်ခမ်းလေးကလည်း စတော်ဘယ်ရီလို အရည်ရွှမ်းရွှမ်းစိုစိုလေး။

မင်းရဲ့နှုတ်ခမ်း မှာ ကိုယ် ရစ်မူးသလောက် မင်းရဲ့နှုတ်ခမ်းက ထွက်လာတဲ့ကိုယ့်ကိုရည်ညွှန်းခြင်းမရှိတဲ့ ချစ်စကားတွေကိုတော့ ကိုယ်မုန်းတယ်။

•••••••••••••••••••••••••••••

"ရိုးခ..."

"အင်း...."

"ဒီမှာ..နင့်အတွက်တဲ့....ဒီမှာကြည့် စာတောင် ပါ
သေးတယ်"
စတော်ဘယ်ရီ သီး အပြည့်ပါသော ကော်ဗူးကိုသူ့ရှေ့ကို ထိုးပေးလာသည်။အပေါ်မှာလည်းစာကပ်ထားသေးသည်။ထိုဗူးလေးရဲ့အလယ်တည့်တည့်တွင် စတော်ဘယ်ရီစတစ်ကာလေးတစ်ခု။

'စတော်ဘယ်ရီနှုတ်ခမ်းလေးက စတော်ဘယ်ရီသီးလေးကို စားမဲ့ ပုံလေးကို ကိုယ်အဝေးကနေစောင့်ကြည့်နေတယ် " တဲ့။
အောက်နားတွင်
ရိုးခငယ် အတွက်

ဘယ်လို ဟာသ မျိုးလဲ။
သို့ပေမဲ့ ရိုး လည်း လာပေးတဲ့သူကို သိရအောင် ခေါင်းကိုဟိုဘက်ဒီဘက်စောင်းကာ မျက်လုံးကစားရင်းရှာသည်။

လူရှင်းလင်းနေသည် မဟုတ်တော့ ရှာရမလွယ်။
ရှာရမလွယ်တာကို ရှာမနေတော့ စာကို နောက်တစ်ခေါက်ပြန်ဖတ်ပြီး ကပ်ထား‌သည်မှ ခွာကာ လုံးချေလိုက်ပြီး သူငယ်ချင်းမလေး ဆောင်ထားသော သူမ အမှိုက်ထည့်သည့် ကြွပ်ကြွပ်အိတ်ထဲသို့ ပစ်လိုက်သည်။

ᗷirthday ᑭresent for Moe Z Hnin (One Shot)Onde histórias criam vida. Descubra agora