သမားအကျော်လူမော် နှင့် သခွားသီးပြဿနာ

Start from the beginning
                                    

ကျွနု်ပ်မှာ ထိုင်ရာမှထလျက် ရောက်လာလတ္တံ့သော လူနာကို မျှော်လေလေခြင်းပင် ချောမောလှပ ပြည့်ပြည့်ဝင်းဝင်း ရှိလှပေသော အသက်နှစ်ဆယ်ခန့် မိန်းမပျိုလေးတဦးကို ယောင်္ကျားကြီးတဦးနှင့် မိန်းမတဦးတို့က တဖက်ဆီတွဲကာ အခန်းတွင်းသို့ ဝင်လာလေသည် ။ ကောင်မလေးမှာ ကပိုကရိုဖြစ်လျှက်ရှိပြီး အင်မတန်မသက်မသာ ဖြစ်နေပုံဖြင့် ပေါင်ကွပြီး မနည်းကြီး ဘဲလျှောက်လျှောက်လာရလေသည် ။
" ရှီးကျွတ်ကျွတ် "
မချိမဆန့် ဝေဒနာကို ခံစားနေရရှာပုံရသော အနှီသူငယ်မလေးအား စမ်းသပ်ကုတင်ပေါ်တွင် လှဲလှောင်းစေပြီးလျှင် ရောဂါရာဇဝင် စယူပါတော့သည် ။ အားကိုးရပေသော ဇူးဇူးတို့ကလည်း သွေးပေါင်ချိန်ခြင်း ၊ အဖျားတိုင်းခြင်း ၊ မော်နီတာတပ်ဆင်ခြင်း များကို ဆရာသမား ပြောစရာမလိုပဲ သွက်လက်လျင်မြန်စွာ လုပ်ဆောင်ကြသည်မှာ ချီးကျူးဖွယ်ကောင်းပေစွ ။

" ဘာဖြစ်လို့လဲ သမီး "

" အိအိ "

ကောင်မလေးကား ပြန်မဖြေ ။ တအိအိ တအင်းအင်းသာ ငြီးညူသံလေး မြှင်းမြှင်းထွက်နေလေသည် ။ တချက်ချက် မျက်ခွံလေးများလေးများလည်း မှေးဆင်းကျလာပြီး ဟစိစိလည်းဖြစ်နေသေး၏ ။ ဝက်ရူးပြန်အတက်ရောဂါများ ဖြစ်လေသလား ။ ကျွနု်ပ်မှာ ဦးနှောက်အာရုံကြောအထူးကု မဟုတ်လေသောကြောင့် ဒင်းတို့တတွေ ဆေးခန်းမှားပြီးများ ရောက်သလားဟုပင် ထင်မိလေသည် ။

" ဘာဖြစ်တာလည်း ပြောပါအုန်းဗျ "

ကောင်မလေးမိဘနှစ်ယောက်မှာ မျက်စိပျက်မျက်နှာပျက်ဖြင့် သူပြောနိုး ငါပြောနိုးပြုနေကြလေရာ ကျွနု်ပ်မှာ စိတ်မရှည်တော့ ။
အသက်အန္တရယ်ရှိနိုင်သော အရေးပေါ်ကိစ္စဖြစ်လေလျှင် အချိန်ဖြုန်းရန်မသင့် မဟုတ်ပါလား ။

" မင်းပဲပြောလိုက်ပါ "

" အို ရှင့်သမီးပဲ ရှင်ပဲပြောပေါ့

" ကဲကဲ ခင်ဗျားတို့နှစ်ယောက်လုံးရဲ့ သမီးမဟုတ်ဘူးလား အချိန်ကအရေးကြီးတယ် "

" ဒီလိုပါ ဆရာရယ် . . အဲ ဟိုလေ . . မီးဖိုချောင်ထဲမှာ ကျွန်မက ဟင်းချက်တာရှင် . . . အင်း ချက်နေတုန်းလေ "

ပြန်တင် အပြာစာအုပ်များWhere stories live. Discover now