တပင်တိုင် Part 2

Start from the beginning
                                    

လင်းခေးထိတွေ့ထားတဲ့ပင်တိုင့်ပါးပြင်လေးထက် မျက်ရည်လေးများနေရာယူလို့လာသည်။ရှိုက်ကြီးတငင်နဲ့ပြန်မေးနေရှာတဲ့ဒီကလေးလေးရဲ့မျက်ရည်တွေကို လင်းခေးမမြင်ချင်ဆုံး၊ဒါပေမဲ့သူကိုယ်တိုင်ဘဲမျက်ရည်ကျအောင်လုပ်မိနေသည်မို့ ကိုယ့်ကိုယ့်ကိုယ်လည်းအပြစ်တင်လို့မဆုံးတော့ပါ။ငိုနေတဲ့ပင်တိုင့်ကိုယ်လေးကိုသာ ရင်ခွင်ထဲသို့နစ်ဝင်သည်အထိဆွဲဖက်ထားမိသည်။

"ကိုကိုအရိုက်ခံရလို့ဝမ်းမနည်းပါဘူးကွာ....ကိုကိုဝမ်းနည်းတာကပင်တိုင့်မျက်နှာလေးညိုးနေလို့ဝမ်းနည်းတာ၊ကိုကို့ကြောင့်ဘဲဖြစ်ဖြစ် ဘယ်သူ့ကြောင့်ဘဲဖြစ်ဖြစ်ပင်တိုင်မျက်ရည်ကျနေတာကို ကိုကိုမမြင်ချင်ဘူး"

"ကိုကို ငိုနေတာလားဟင်"

လင်းခေးထံမှငိုရှိုက်သံကြီးကြီးစိုးလာသည်မို့သာမေးလိုက်ခြင်းဖြစ်၏။

လင်းခေးရင်ခွင်ထဲသာရောက်နေတယ်၊မျက်နှာကိုတော့ပင်တိုင်မြင်ခွင့်မရပါ။သူ့အားတင်းကြပ်စွာဖက်ထားသည်မို့ ရင်ခွင်ထဲနစ်ဝင်နေသည်မှာခေါင်းပင်မဖော်နိုင်သည့်အထိပင်။

"ကိုကို့ပင်တိုင်လေးအမြဲပြုံးနေတာဘဲမြင်ချင်တာ"

"ကိုကိုငိုနေတာလားလို့ မေးနေတာလဲမဖြေဘူး"

ရင်ခွင်ထဲကရုန်းကာသူ့မျက်နှာအားကြည့်ဖို့ကြိုးစားနေတဲ့ပင်တိုင် သူ့မျက်နှာကိုမမြင်ခင်လင်းခေးမျက်ရည်များကိုသာလက်မောင်းဖြင့်အကြမ်းပတမ်းပွတ်တိုက်လိုက်၏။ပြီးမှရင်ခွင်ထဲကရုန်းနေတဲ့ပင်တိုင့်ကိုယ်လေးကိုထုတ်လိုက်ကာ ပင်တိုင့်ပခုံးလေးကိုဆုပ်ကိုင်ထားလျက်........

"ကလေးလေး ကိုကိုကလူကြီးတောင်ဖြစ်နေပြီငိုပါ့မလား"

"ကိုကိုငိုဘူးပေါ့"

"မငိုပါဘူးဗျာ ကိုကို့ကိုပြုံးပြပါဦး"

"ဟီးဟီး"

သွားလေးပေါ်သည်အထိပြုံးပြလေတဲ့ပင်တိုင့်ပါးပြင်လေးများ အားပါးတရရယ်လိုက်တာကြောင့်ပါးပြင်လေးဖောင်းတက်လာပုံကချစ်စရာအတိ။ထိုပါးပြင်လေးအား လင်းခေးအသည်းတယားယားနဲ့ပါးပြင်လေးထက်သူ့နှုတ်ခမ်းနဲ့နှာခေါင်းလေးနစ်ဝင်သည်အထိနမ်းရှိုက်လိုက်ပြီးမှ.......

တပင်တိုင်Where stories live. Discover now