သေချာတာကတော့ကိုယ်gayမဟုတ်ဘူး။
ယောင်္ကျားလေးတစ်ယောက်ကိုလဲဘယ်တော့မှချစ်လာမှာမဟုတ်ဘူး။

~~Jeon Jungkook~~

---------------

"ဒေါက် ဒေါက်"

'ဖေကြီးဘယ်သူလာတာလဲမသိဘူး ကြည့်လိုက်ပါအုံး'

သတင်းစာကိုဘေးသို့ချကာ တံခါးဆီသို့~~

'Jungkook!'

လေယာဉ်စိုက်စိုက်ချင်း Minnyလေးအိမ်ကိုပဲတန်းလာလိုက်တော့သည် မတတ်နိုင် ဒီနည်းကလွဲပြီး ကျန်တာမစဉ်းစားတတ်။

'ဖေကြီးဘယ်သူလာတာလဲ အထဲကိုခေါ်လေ'

'ဟို…'

'Jungkook! သားဘယ်လိုဖြစ်ပြီးဒီကိုရောက်လာတာလဲ အန်တီကသားကိုသားလေးတို့နဲ့အတူတူလိုက်သွားတယ်ထင်တာ လာလေသားအထဲဝင်အုံး'

'ဟို…အဲဒါက…'

'ဟုတ်တယ်ငါ့တူရ အိမ်ကသားနှစ်ယောက်လုံးကလဲ မင်းပါမယ်လို့ပြောလို့ ဦးတို့လဲခွင့်ပြုပေးလိုက်တာ'

'ဒါ…ဒါဆိုMinnyလေးကခုအိမ်မရောက်သေးဘူးပေါ့'

'ဟမ်! သားဘာကိုဆိုလိုတာလဲ အန်တီတို့နားမလည်ဘူး'

'ခု…ခုကျွန်တော်Minnyလေးတို့ရှိတဲ့ဆီလိုက်သွားမလို့လေ အဲဒါ Minnyလေးက သူ့ပစ္စည်းလေးဝင်ယူပေးပါအုံးဆိုလို့ အဲဒါ…'

'အော်ဒါများသားရယ် စောစောကပြောရောပေါ့ လာအန်တီသားကိုJiminလေးအခန်းလိုက်ပြမယ်'

'နေ…နေပါစေအန်တီ ကျွန်တော်မဝင်တော့ပါဘူး ကားလဲမောင်းရအုံးမှာဆိုတော့ ဟိုရောက်ရင်မိုးချုပ်မှာဆိုးလို့'

ခုလိုမျိုးပြောလိုက်တာရိုင်းရာကျသွားလားမသိပေမဲ့
Minnyလေးမရှိဘူးဆိုတာသိကတည်းက ဒီနေရာကနေပြေးထွက်ပြီး ဘယ်များရောက်နေလဲဆိုတာရှာချင်မိနေတဲ့အထိကို စိတ်တွေလှုပ်ရှားနေခဲ့တာ။
ဦးလေးနဲ့အန်တီတို့ကိုအားနာလို့သာ ပြောမိပြောရာပြောလိုက်မိပေမဲ့ တစ်ကယ်က ကိုယ်ကအပစ်လုပ်ထားတော့ မလုံမလဲနဲ့လူမိသွားမှာစိုးနေတာအမှန်။

'ဟုတ်ပါပြီကွယ် ဒါဆိုလဲသားလေးကမဘာပစ္စည်းမှာလိုက်လဲဆိုတာအန်တီကိုပြောပြလေ အန်တီရှာပေးပါ့မယ်'

Hyung is Mine (Completed)Where stories live. Discover now