အခန်း(၁၂)

Start from the beginning
                                    

အဲ့ဒီနောက် A3 အဆင့် ကွဲပြားခြင်းရှိတဲ့ ကလင်းပေါ်လာပြီး၊ လူတွေတွေးကြတဲ့ ပထမဦးဆုံး အကြောင်းအရာက နှစ်လိုအားကျခြင်းနှင့် မနာလိုဖြစ်ရခြင်း မဟုတ်ဘဲ အသက်ရှင်နေတဲ့ ဒိုင်နိုဆောကို မြင်လိုက်ရသလို ကြောက်ရွှံ့ထိတ်လန့်ခြင်းတို့ဖြစ်ကာ ကြည့်ရှုဖို့ စုအုံရောက်လာကြသည်။ သူတို့က ဓာတ်ပုံတွေရိုက်ပြီး Weibo တွင် တင်ခဲ့ကြတာကြောင့် နောက်တစ်နေ့မှာ တစ်ကမ္ဘာလုံးက သိရှိသွားခဲ့သည်။

တစ်ချို့သော လက်အောက်ခံနယ်ပယ်များနှင့် နိုင်ငံတစ်ချို့တွင်တော့ ရှားပါးတဲ့ A3 ကလင်းအမျိုးအစားပိုင်ရှင်တွေ ရှိကြသည်။

ဒီနေ့ထိ A3 ကလင်းအမျိုးအစားနှင့်ပတ်သတ်ပြီး အထူးအေးဂျင့်တို့ လျှို့ဝှက်ရှာဖွေမှတ်တမ်းတင်ထားသည့် အချက်အလက်အနည်းအကျဉ်းသာရှိသည်။

ပြည်နယ်ကသတ်မှတ်ထားသည့် ကလင်းကာကွယ်ရေး စည်းမျဉ်းတွေက ပြီးပြည့်စုံမှုမရှိဘဲ ကလင်းနှင့်ပတ်သတ်သည့် ကုတ်နံပါတ်သည်ပင် ID ကဒ်၌ တိုက်ရိုက်ရေးထိုးဖော်ပြထားသည်။

အသင်းအဖွဲ့အစည်း၏ လှုံ့ဆော်မှုများကြောင့် ကလင်းမုဆိုးတွေရှိလာပြီးနောက်ပိုင်းမှာ သူတို့က အဆင့်မြင့် အိုမီဂါတွေကို လိုက်လံရှာဖွေပြီး ပြန်ပေးဆွဲဖမ်းဆီးကြသည်။ သို့မဟုတ်လည်း တစ်ခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ခေါ်သွားပြီး အဖွဲ့အစည်းအတွက် ပို၍သန်မာသော မျိုးဆက်ကို မွေးဖွားပေးရသည်။

အိုမီဂါတွေကို ရှာတွေ့တဲ့အခါ ထိုအထဲမှ တစ်ချို့ကသာ ပြောင်းရွှေ့နေထိုင်ဖို့ ရွေးချယ်ခံရသည်။ အိုမီဂါတွေကို ရှာဖွေစုဆောင်းခြင်းက ပြဿနာတစ်ခုဖြစ်ပြီး ကိုယ်တိုင်ရပ်တည်နိုင်တဲ့ စွမ်းအားကြီးသော ကလင်းကိုပိုင်ဆိုင်ထားသည့် အိုမီဂါဖြစ်ပါက ပိုလို့တောင် ပြဿနာရှိသည်။ ဒါကြောင့် မတော်တဆဖြစ်မှုတွေကို ရှောင်ကျဉ်ဖို့အတွက် အရှိန်အဝါကြီးမားတဲ့ မိသားစုအသိုင်းအဝိုင်းတွေက ပိုပြီးဘေးကင်းတဲ့ နည်းလမ်းကို ရွေးချယ်ကြသည်။ __ ဥပမာ မျိုးဆက်ကိုမွေးဖွားပေးဖို့ အကျဉ်းချထားခြင်းပင်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Where stories live. Discover now