Part(18)🍑

457 40 3
                                    

(Uni)

Yiboရဲ့မာမားကသဘောတွေကောင်းပြီးညနေစာလာစားလှည့်ပါဆိုလို့နှစ်ယောက်သားညနေစောင်းချိန်ကလေးတွင်ရိပေါ်ရဲ့မားမားတို့တိုက်ခန်းကိုရောက်ခဲ့သည်။

ရိပေါ်မာမားရဲ့အစ်မမှာကသားလေးတစ်ယောက်ရှိသေးသည်။အရွယ်ကရှစ်နှစ်လောက်။ပါးကဖောင်းဖောင်း။မျက်လုံးကဝိုင်းဝိုင်းနဲ့။

ထိုကလေးကိုတွေ့တော့ရှောင်းကျန့်ကအတော်ကိုသဘောတွေကျနေတာ။အခုလဲရိပေါ်မာမားနဲ့ဒေါ်လေးဟင်းချက်နေတုန်းကလေးနဲ့ရောဆော့နေလေ၏။

"ဒါကစူပါမန်း..."

"ဒါကရော"

"ဒါကအိုင်ရွန်းမန်း...ဒါကဖလက်မန်း"

"စပိုက်တာမန်းလဲမရှိဘူးနော်"

"စပိုက်မန်းကဦးဦးလေ"

"ဦးဦးကရွှီးရွှီးဆိုပြီးပင့်ကူမျှင်တွေပစ်တတ်တာလား"

"ဒါပေါ့...ဦးဦးကနံရံတွေပေါ်လဲတွယ်တတ်တတ်တယ်"

"ဟားဟားဟား...ဦးဦးငပေါကြီး"

ကလေးကသူ့ကိုလက်ညိုးလေးထိုးပြီးလှောင်ရယ်တဲ့အခါသူကနှုတ်ခမ်းလေးဆူပြီးမျက်စောင်းလေးဟန်ဆောင်ထိုးလိုက်ပုံကချစ်စဖွယ်ကောင်းလွန်းလှသည်။

အဝေးကကြည့်နေတဲ့ရိပေါ်မပြောနဲ့ကလေးကတောင်အသဲတွေယားပြီးရှောင်းလူကြီးရဲ့ပါးလေးကိုခပ်ဖွဖွလိမ်ဆွဲလေရဲ့။

"ဦးဦးကချစ်စရာကြီး"

ရှောင်းကျန့်နဲ့ချင်ချင်းကိုပြုံးပြုံးကြီးကြည့်ကာနေတဲ့သူ့အနားကိုမားကရောက်လာပြီးဆိုသည်။

"ကျန့်ကျန့်လေးကကလေးလေးကျနေတာပဲ"တဲ့။

ဒါပေါ့...တကယ့်ကလေးကြီးပါပဲ။ဟုသူကစိတ်ထဲမှပြန်ပြောမိသည်။

"မားရဲ့သားလေးကကျတော့လူကြီးကလေးနဲ့တူလာတယ်"

သူ့ဆံပင်တွေသပ်ပြီးနူးညံ့တဲ့အပြုံးနဲ့ဆိုလာတဲ့မားကိုသူနွေးထွေးတဲ့မျက်ဝန်းတွေနဲ့ပဲကြည့်နေမိသည်။မားကဘာမှမပြောပဲမီးဖိုထဲဝင်သွားတော့မှသူကရှောင်းကျန့်နဲ့ချင်ချင်းရှိရာသို့သွားကာဆိုဖာတွင်ဝင်ထိုင်လိုက်၏။

Oh my bad boy 🍑(complated)Where stories live. Discover now