မောမောသောသောနဲ့ကားကိုဆီကုန်ခံပြီးမောင်းလာခဲ့ရသမျှအပေါက်ဝမှတန်းတစ်တော့တာပဲ။Xiao Zhanတစ်ယောက်သူ့ကလေးရဲ့မျက်နှာကိုမမြင်ရတော့နည်းနည်းတစ်မျိုဖြစ်မိသွားသည်။
တာဝန်ကျဝန်ထမ်းဖြစ်တဲ့ဟုန်းရီကိုတော့တွေ့ရပြီးရိပေါ်ကိုတော့မတွေ့ရ။
"ညီလေး..."
"ဗျာအစ်ကို"
"ဒီဆိုင်ကဝမ်ရိပေါ်ဆိုတဲ့ကောင်လေးရော"
သူနဲ့ရိပေါ်ရဲဆက်ဆံရေးကိုအနည်းငယ်သိသောဟုန်းရီကရယ်လိုက်ရင်းဖြေသည်။
"မရှိတော့ဘူးအစ်ကိုရဲ့"
ထိုအဖြေကြောင့်ရှောင်းကျန့်ကမျက်မှောင်ကျုံ့လိုက်မိသည်။
"ဘယ်ရောက်သွားတာလဲ"
"အလုပ်ထွက်သွားပြီလေအစ်ကိုသူကနှစ်ပတ်ပဲအလုပ်ဝင်ထားတာ"
"ဪသိပြီ...သိပြီ..."
ရှောင်းကျန့်ပြောရင်းဆိုင်ဝမှလှည့်ထွက်လာခဲ့သည်။
ဟုတ်တာပဲ။ကျောင်းထုတ်ခံရတာကနှစ်ပတ်ထဲကို...သူကျောင်းပြန်တက်နေမှာပေါ့။ကလေးစုတ်။
ကျောင်းပြန်တက်တဲ့အကြောင်းကိုဖုန်းလေးဘာလေးဆက်ပြီးတောင်အကြောင်းမကြားဘူး။ငါကသာဖြစ်နေတာသူကငါ့ကိုစိတ်ထဲတောင်ထည့်ရဲ့လားမသိဘူး။
ထိုသို့တွေးမိတော့ရှောင်းကျန့်စိတ်အားငယ်သွားရသည်။ကားထဲဝင်ထိုင်ရင်းစတီယာရင်ကိုကိုင်လိုက်ရုံရှိသေးဖုန်းကမြည်လာသည်။
ဘယ်သူလဲကြည့်လိုက်တော့ကျိုချန်းတဲ့။
"ကဲပြော"
"အိမ်ကိုအမြန်လာခဲ့.."
ဖုန်းထဲကတစ်ချက်လွတ်အမိန့်တွေပေးလာတဲ့ကျိုချန်းကြောင့်မျက်မှောင်ထပ်တွန့်မိရသည်။
"ဘာတွေလောနေတာလဲ"
"ဘာလောရမှာလဲ...မားမင်းကိုစိတ်တိုနေတယ်.."
"ဘာလို့လဲ...ငါလဲဘာမှမလုပ်ပဲနဲ့"
"လင်းဇီလာသွားတာနေမှာပေါ့...လက်ထပ်ပွဲဖျက်မလို့ဆိုအဲ့တာကြောင့်ဒေါပွနေတယ်"
YOU ARE READING
Oh my bad boy 🍑(complated)
FanfictionIntro လူတစ်ယောက်ရဲ့ဘဝရှင်သန်မှုကိုဘာတစ်ခုမှနားမလည်ပဲဝေဖန်ဖို့သာတတလူတစ်ယောက်ရဲ့ဘဝရှင်သန်မှုကိုဘာတစ်ခုမှနားမလည်ပဲ Oh my bad boy "အမှိုက်လိုကောင်ကငါတို့ကိုရွံတယ်တဲ့လား" (Xiao Zhan) "ဟုတ်တာပေါ့ကျွန်တော်ကအမှိုက်...ခင်ဗျားလဲကြားဖူးမှာပါ'အမှိုက်ကစပြဒသ်မီး...