တအီအီနဲ့ ရှိုက်ကာ ငိုနေသည့် စောင်ပုံအောက်က ဟီဆွန်းရဲ့ ကလေးငယ်ကတော့ အမေးကို အဖြေပြန်မလာခဲ့...
ဟီဆွန်းလည်း ဂျေးစိတ်ပြေအောင် ဘေးနားကနေပြီး comfort ဖြစ်စေမယ့် စကားတွေ အများကြီး ကိုပြောပေးနေခဲ့သည်။
အချိန်အတော်ကြာတော့ ငိုရှိုက်သံလေးက တိတ်ဆိတ်သွားတာကို ဟီဆွန်း သတိထားမိသွားသည်။ စောင်ကို ဖြည်းဖြည်းချင်း လှန်လိုက်တော့ ဟီဆွန်းရဲ့ ကလေေးငယ်ဟာ နှစ်ချိုက်စွာ အိပ်ပျော်လျက်သား ဖြစ်နေပြီ။ ပါးပြင်ထက်တွင် တစ်စွန်းတစ်စ ကျန်နေသေးသည့် မျက်ရည်စက်တွေကို အသားအယာလေး ဖယ်ရှားပေးနေသည်။
" ဂျေး ကလေးငယ် ရဲ့မှတ်ဉာဏ်တွေ မြန်မြန်ပြန်ရစေချင်ပြီ ကိုယ် ပတ်ဆောင်းဟွန်းရဲ့ လုပ်ရပ်တွေကို မကြိုက်ဘူး ကလေးငယ်သာ မှတ်ဉာဏ်တွေ အကုန်ပြန်ရသွားရင် ကိုယ်တို့ ဘဝက အဆင်ပြေပြေနဲ့ နေသွားလို့ရနေပြီ ကိုယ်ဆုတောင်းနေဆဲပါ မဖြစ်နိုင်မယိ့ အရာအတွက်လေ ရယ်ရတယ် မှတ်လား။ ကိုယ်က မင်းအတွက်ဆို အရူးတစ်ယောက်လိုပဲ ဒါက အချစ်ကြောင့် ဖြစ်လာတယ်လို့ပြောရမလား... မင်းထင်ထားထက် ကိုယ်မင်းကို အဆမတန် တန်ဖိုးထားတယ် ချစ်တယ် ကလေးငယ် ... "
စီးကျလာသည့် မျက်ရည်စက်တွေကို ဟီဆွန်း ခက်ကြမ်းကြမ်း သုတ်လိုက်ကာ တိတ်ဆိတ်သွားတဲ့ ခန္ဓာကိုယ်လေးဘေးတွင် ဝင်လှဲလိုက်ကာ တစ်ညလုံး ထိုခန္ဓာကိုယ်သေးသေးလေးကို ရင်ခွင်ထဲထည့်ကာ နွေးထွေးတဲ့ အနွေးဓာတ်တွေကို ပေးထားလိုက်သည်။
နွေးထွေးမှု၊ သံယောဇဉ်၊ အချစ် တွေနဲ့ ချည်နှောင်စ ပြုလာသည့် ကောင်လေးနှစ်ယောက်ကို တတိယ သူ ဖြစ်တဲ့ သူကတော့ အခန်းအပြင်ဘက်ကနေ၍ တိတ်တဆိတ်ငိုကြွေးနေပြန်သည်။
အချစ်ဆိုတာ ထိုသို့ နာကျင်မှုမျိုးကို ခေါ်သည်လား...
လွဲမှားတဲ့ ကံကြမ္မာသာ ဖြစ်မလာခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ချစ်မိတဲ့ ကိုယ်ကိုကိုယ် အပြစ်မတင်ဘဲ ကံကြမ္မာကို အပြစ်တင်နေမိသူက တစ်ယောက်။
အခန်းတွင်း ဖျာကျနေသည့် လရောင်ဟာ နွေးထွေးမှုတွေ ပြည့်နေသည့် လူငယ်လေး နှစ်ယောက်အတွက်တော့ လှပသည့် ခြုံလွှာလေး တစ်ထည်လို ဖြစ်နေပေမယ့် အခန်းပြင်မှာ ငိုကြွေးနေသည့် လူငယ်လေး အတွက်တော့ သူရဲ့မြင်ကွင်းမှာ အမုန်းတရားဆိုတဲ့ ခြုံလွှာက ကာစီးနေခဲ့သည်။