" ဂျေး... ဂျေး.. "
ရေဆာတာကြောင့် ဂျေးကို သာလှမ်းခေါ်ရသည်။ သူ့မှာ ကိုယ့်ဘာသာ ထထိုင်ဖို့တောင် မလုပ်နိုင်တာကြောင့် အကူအညီ လှမ်းတောင်းရသည်။
သူ့အသံဘဲ တိုးတာလား၊ အိမ်မှာဘဲ မရှိတာလား။
နောက်တစ်ကြိမ်ထက်ခေါ်သည်။
" ဂျေး.... ဂျေး... "
" လာပြီ ဘယ်လိုဖြစ်နေဝာာလဲ "
မီးဖိုခန်းထဲကနေ Apron နဲ့ထွက်လာတဲ့ ဂျေးရဲ့ပုံစံကို အသံထွက်အောင်ရယ်လိုက်မိသည်။
" ဘာရယ်တာလဲ "
" ဟ ဒီတိုင်း မဟုတ်ပါဘူး မိုက်လိူ့ပါ ငါ့ရဲ့ဂျေဂျေးလေးက "
" သေလိုက် ဘာလုပ်ချင်လို့လဲ "
" ရေဆာလိူ့ "
" နေအုန်း ယူပေးမယ် "
နောက်တစ်ခါပြန်ပြီး မီးဖိုခန်းထဲ ပြန်သွားသည့် ဂျေးကို ကြည့်ပြီး ဆောင်းဟွန်းနှုတ်ခမ်းကနေ အပြုံးတွေ ဆင်နေမိသည်။
နောက်တော့ ရေခွက်ကိုင်လာပြီး သူ့အနားလာထိုင်ပြီး ရေခွက်ကို ကမ်းပေးသည်။
ဂျေးကို မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး
" ငါမကိုင်နိုင်ဘူး ငါ့ကို တိုက် "
" ဟမ်!?? "
" မြန်မြန် "
" အော်..... အင်း "
ဆောင်းဟွန်းရဲ့ နှုတ်ခမ်းနားကို ဖန်ခွက်တေ့ကာ နောက်လက်တစ်ဖက်က မေးစေ့အောက်မှာ ခံပေးထားသည်။ ရေတွေ အကျီပေါ် ဖိတ်ကျရင် နောက်ထပ်အပြင်းဖျားမှာ သူနောက်တစ်ခါတိုင်ပတ်နေမှဖြင့်
" အ!? ဘာလုပ်တာလဲ"
လက်ထဲက ဖန်ခွက်ကို ချက်ချင်းဆွဲယူလိုက်ပြီး သူ့ရဲ့လက်ကို ရုတ်တရက်ကိုင်လိုက်သည့် ဆောင်းဟွန်းကြောင့် ကြောင်နေမိသည်။
ဂျေးရဲ့ လက်လေးကို ပါးပြင်နဲ့ထိစေပြီး နူးညံ့မှုတွေကို မျက်လုံးလေးမှိတ်ကာ ခံစားနေသည်။
" ဂျေး... မင်းရဲ့ လက်လေးတွေက အရင်အတိုင်းပဲနော် တချိန်က ငါပိုင်တဲ့ ဒီလက်ကလေးတွေကို အကို ဟီဆွန်းက သေချာစောင့်ရှောက်ရဲ့လား "