555

227 35 0
                                    

ဘယ်သူ ဓာတ်ပုံခိုးရိုက်သွားတာလဲ ၅

"ဒါရိုက်တာလီ ဒါက.."
စိတ်ရှုပ်စွာ ဟော်မြန် ဒါရိုက်တာလီကို ကြည့်လိုက်သည်။

Idolတစ်ယောက် စူပါစတားတစ်ယောက်ရဲ့ ဖိုင်က top secret ဖြစ်သင့်တာလေ ဒါရိုက်တာလီ သူမကို ဒီလိုပြလိုက်လို့ တကယ် အဆင်ပြေရဲ့လား

"အဆင်ပြေပါတယ် မင်းဘာမေးမှာလဲ ငါသိတယ် ငါ့ကိုယုံပါ ဟော်မြန် မင်းက တောင်ပိုင်းမှာ အလုပ်လုပ်လာတာ ကြာပြီ အဆိုတခုရှိတယ်မလား 'မြင်းတကောင်ရဲ့ ခံနိုင်ရည်ကို ခရီးရှည်ကြီးက သက်သေပြတယ် လူတစ်ယောက်ရဲ့ ပင်ကိုသဘောကို အချိန်က သက်သေပြတယ်' တဲ့ ပြီးခဲ့တဲ့ လတွေမှာ မင်းက ဘယ်လိုလူလဲဆိုတာ ငါနားလည်လာခဲ့တယ် မင်းက ကြင်နာတတ်တဲ့မိန်းကလေးပဲ မင်းက ပြဿနာမဖြစ်ချင်သလို ကြားဝင်ရတာကိုလဲ မကြိုက်ဘူး ဒါပေမဲ့ မကောင်းတဲ့လူတွေကိုလဲ အလွတ်မပေးတတ်ဘူး ဒါကြောင့် ဆေးရုံလက်ထောက်ဒါရိုက်တာကော်နဲ့ သူ့ယောက်ဖကို နဲနဲ စိတ်မကျေမနပ်ဖြစ်ခဲ့တယ် ဟုတ်တယ်မလား"

"ဒါရိုက်တာလီ ကျွန်မက ရှင်ပြောသလို မကြီးမြတ်ပါဘူး ဒီတိုင်း ပိုက်ဆံရဖို့ အလုပ်လာတဲ့ တခြားလူတွေလိုပါပဲ"
ဟော်မြန် တည်ငြိမ်စွာ ပြုံးလိုက်သည်။

"ကလေး အကြီးတစ်ယောက်အနေနဲ့ ငါ ဒီဆေးရုံမှာ အလုပ်လုပ်လာတာကြာပြီ တစ်စုံတစ်ယောက်ရဲ့ အကြောင်းကို ပြောတဲ့နေရာမှာ ငါက အရမ်းတော်တယ် တကယ်တော့ ငါ ဒါရိုက်တာဝူကို မေးပြီးပြီ မင်းကို အာရုံကြောဌာနကို ပြောင်းပေးပြီး ငါ့ကို ကူညီဖို့ ဒါပေမဲ့ မင်းက ဆရာဝန်ဖြစ်ဖို့ အခွင့်အရေးကို ငြင်းဆန်ထားတယ်လို့ ငါကြားထားတယ် မင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမို့ ငါ အကြောင်းပြချက်ကို မမေးပါဘူး ဒါပေမဲ့ အဲ့တာက သနားစရာကောင်းတယ်လို့ ငါထင်တယ် မင်းမှာ အရည်အချင်းရှိရဲ့နဲ့ အရိုးဌာနက သူနာပြုခေါင်းဆောင်ဖြစ်နေတာက ဖြုန်းတီးတယ်လို့ ငါထင်တယ်"

"ဒါရိုက်တာလီ တကယ်တော့ ကျွန်မ.."

"ပြီးအောင် ပြောဦးမယ် ကလေး"
ဒါရိုက်တာလီရဲ့ အသက်အရ သူမက ဟော်မြန်ကို 'ကလေး' လို့ ခေါ်ခြင်းက ဟော်မြန့်ကို နွေးထွေးစေသည်။

အချစ်​စတင်​ခဲ့ရာ(Volume 3)Where stories live. Discover now