18(Z&U)

2.1K 270 18
                                    

လဲ့ဟွမ် ယခုအခါမှာ အလွန် ဒုက္ခရောက်နေခဲ့သည်။အင်ပါယာ လာရောက် တွေ့ဆုံတာ ၂ရောက်ကြာခဲ့ပြီဖြစ်သည်။သို့သော် မိန်လင်းက သူအရင် လဲ့ဟွမ်က သူ့မှာ ကိုယ်ဝန်ရှိကြောင်းပြောတာကို မယုံကြည်တဲ့အတွက်
သူ့ကို ခွင့်လွတ်ပေးဖို့ တောက်လျှောက်တောင်းပန်နေခဲ့သည်။

''သခင်လေးက ပြောတာကို ဒီအစေခံ မယုံကြည် မိလို့တောင်းပန်ပါတယ်''

လဲ့ဟွမ်က အရင်က မိန်လင်းသူ့ကို မယုံကြည်တဲ့အတွက် အရင်က စိတ်မကောင်းဖြစ်ခဲ့မိသည်။

ဒုက္ခဆင်းရဲတွေအားလုံးဟာလည်း ပြီးခဲ့ပြီ ။သူကလည်း အမေ့လျော့ခံဘဝနဲ့ အေးအေးချမ်းချမ်းနေချင်တယ်။သို့သော်လည်း အခုတော့ အခြေအနေတွေက ပြောင်းလည်းသွားခဲ့ပြီပြီသည်။

''စိတ်မပူပါနဲ့ ငါဒီကိစ္စကို စိတ်ထဲမထားတော့တာ ကြာပါပြီ။ငါမင်းကို အပြစ်မတင်ပါဘူး။ငါသာ မင်းနေရာမှာ ဆိုရင်လည်း မင်းလိုတွေးမိမှာဘဲ။ဒါကြောင့် အရမ်းကြီး စိတ်ထဲထားမနေနဲ့တော့'' သူဒီစကားကို ပြောတာ ဒီနေ့အတွင်းမှာ ပင် ၅ ကြိမ်ရှိပြီဖြစ်သည်။

''သခင်လေး'' မိန်လင်းက ဝမ်းနည်းပက်လက် ငိုကြွေုးပြန်သည်။

လဲ့ဟွမ်က စိတ်ပင်ပန်း စွာ သက်ပြင်ချလိုက်သည်။အင်ပါယာက သူ့ကို အာရုံစိုက် စောင့်ကြည့်နေတဲ့အတွက် သူ့အနေဖြင့် သူ့စီးပွားရေးလေးကိုပင် မလုပ်နိုင်ပေ။၎င်းက သူ့အတွက် စီးပွားရေးသက်သက်ပင် မဟုတ်ပေ။သူ့အတွက်
သူ့ကိုယ်သူ ကာကွယ်နိုင်သော စွမ်းရည် ဖြစ်တဲ့အတွက် ၄င်းက သူ့ကို အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စေသည်။သူတွင် မိသားစုနောက်ခံမရှိတဲ့အတွက် သူ၏ အဆင့်က ခွေးတစ်ကောင်ထက်ပင် နိမ့်ကျသေးသည်။ကောင်းပြီ သူက ကံမကောင်းအကြောင်းမလှသော သခင်တစ်ယောက်ဖြစ်သည်။သို့သော်လည်း ဒီနေရာတွင် အခြားသော မောင်းမများ မရှိသဖြင့် သူ့အဆင့်အတန်းက ဘယ်လောက်ပဲ နိမ့်ကျပါစေ တစ်ယောက်နှင့် တစ်ယောက် ချောက်ချကာ ကြံစည် တိုက်ခိုက်နေသော အဆိပ်ပြင်းသော ထိုအမျိုးသမီးများနှင့် ဆက်ဆံစရာ မလိုပေ။ထိုနေရာများတွင်တော့ မင်းရဲ့နိမ့်ကျသော အဆင့်အတန်းနှင့် အနိုင်ကျင့်ခံရမှာ မလွဲပေ။
ထို့ကြောင့် ထိုနေရာများတွင်တော့ မင်းက ကို့ကိုယ်ကိုယ် ကာကွယ်ဖို့ တန်ပြန်အစီအမံများ စီစဉ်ထားသင့်သည်။

ဘုရင် အမုန်းဆုံး စွန့်ပစ်ခံကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခြင်းWhere stories live. Discover now