စာစဉ် ၇၅ (၂၁-၂၆)
Start from the beginning
“ကျွန်တော်လဲ အစက အဲ့လိုပဲ တွေးတာ .. ဒါပေမယ့် ဒီနေ့ကိစ္စဖြစ်ပြီးတဲ့နောက်မှာ အစ်မအပေါ်မှာ အထင်လွဲမိ တာတွေအတွက် ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ရတော့ မယ် ။ ဏှာဘူးထပြနေတာက တကယ်တော့ အစ်မရဲ့ အပေါ်ယံ ဟန်ဆောင်ထားတာတွေပါ ။ တကယ်တမ်းက အစ်မက စဉ်းစားအတွေးခေါ်တတ်ဆုံး ၊ ဥာဏ်ပညာအရှိဆုံး ၊ အခြေအနေကို ပိုင်းခြားဝေဖန်တတ်ဆုံး နဲ့ ဗျူဟာအကြွယ်ဆုံး အုပ်စိုးသူကြီးတစ်ဦးပါ”
ရီဝမ်ဝမ် ၊ ခုနစ်စင်ကြယ်၏ ချီးကျူးထောပနာစကားကို မြိန့်မြိန့်ကြီး ခံယူနေလိုက်၏ ။
အဲ့လိုလုပ်မှပေါ့ ….
ကားသည် ချောမွေ့ စွာ မောင်းနှင်နေပြီး အနီရောင်ကြိုးများ ချိတ်ဆွဲထားသော လက်မှုပစ္စည်းတွေ အများကြီး ရှိနေရာ လမ်းဘေးဆိုင်တစ်ဆိုင်နား ဖြတ်သွားလေပြီ ။
ရီဝမ်ဝမ် အရှေ့မှာ ကားမောင်းနေသည့် ကြယ်ခုနစ်ကို လှမ်းခေါ်လိုက်တော့သည် ။
“ရပ်ဦး .. ကြယ်ခုနစ် ခနရပ်ဦး ။ ကြယ်ခုနစ် .. အဲ့ဆိုင်ကနေ အနီရောင်ကြိုးတစ်ချောင်းလောက် သွားဝယ်ပေးစမ်းပါ”
“အစ်မဖန်း က … ဆွဲသီးဝယ်ပြီးတော့ ဘာလုပ်မလို့လဲ”
ကြယ်ခုနစ်က မေးလေသည် ။
“ဘာမှမလုပ်ဘူး .. အဲ့ဒီကြိုးကိုပဲ လိုချင်တာ”
“ဟုတ် …” ကြယ်ခုနစ်သည် ရီဝမ်ဝမ် ဘာအတွက် ကြိုးအနီကို လိုချင်မှန်း မသိဘဲ ကားပေါ်က ဆင်းကာ သွားဝယ်ပေးလိုက်၏ ။ ကြယ်ခုနစ်က ဆိုင်ရှင်အဒေါ်ကြီးနှင့် စကားယဉ်ယဉ်ကျေးကျေး ဆိုကာ ကားဆီကို အမြန် ပြန်လာလေသည် ။
“ဘယ်လိုလဲ … ၀ယ်လာခဲ့လား” ဟု
ရီဝမ်ဝမ် မေးလိုက်တော့သည် ။
ကြယ်ခုနစ်က ထိုကြိုးနီကို ရီဝမ်ဝမ်ကို ပေးလာရင်း …
“ဆိုင်ရှင်က အလကားပေးလိုက်တယ်”
ရီဝမ်ဝမ် ပျော်ရွှင်မိသွားပြီး ကြယ်ခုနစ်၏ပါးနှစ်ဖက်ကို
ဆွဲဖျစ်လိုက်ရင်း …
“တော်တယ် .. တော်တယ် .. အရမ်းတော်တယ်”
ကြယ်ခုနစ်မှာ အနည်းငယ် ရှက်သွေးဖြာသွားပြီး
နှုတ်ခမ်းသားတို့ကို ဖိကိုက်လာ၏ ။
ခုနစ်စင်ကြယ်က ချက်ချင်း ပွစိပွစိ လုပ်လေသည် ။