စာစဉ် ၇၅ (၁၅-၂၀)
Start from the beginning
သေစမ်း ..
ငါ့အမှတ်လေးတွေ ငါ့လက်ထဲ ရောက်တော့မှာကို ..
ဖြတ်ယူခံလိုက်ရပြီ …
“လခွမ်း .. ရှင် ဘာတွေ လုပ်နေတာလဲ”
ရီဝမ်ဝမ် ဒေါသတို့ ပွက်ပွက်ဆူဝေလာရင်း မစဉ်းစားနိုင်တော့ဘဲ မေးခွန်းထုတ်ပစ်လိုက်၏ ။
ထိုယောကျာ်းမှာ ဘာမှ မဖြစ်ပျက်လေသည့်အလား
အေးစက်ရှုတည်လို့ နေလျက် ။
“လောင်းနေတာလေ”
“ရှင် …” ရှင့်ဖင်ကြီးပဲ သွားလောင်း …
သူ ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာ … ။
ရီဝမ်ဝမ် အံကို ကြိတ်လိုက်ကာ …
“၃၁ သန်း”
သူမတွင် ပိုင်ဆိုင်မှုဆိုလို့ သန်း ၂၀ လောက်သာ ရှိလောက်သော်လည်း သူမ ခေါင်းမာမာနဲ့ ဆက်တိုးနေမိပါ၏။
သူမလေးနံဘေးက ထိုယောကျာ်းကလဲ …
“သန်း ၄၀”
ရီဝမ်ဝမ် နင်သွား၏ ။
“လေးဆယ့် … တစ်သန်း”
“သန်း ၅၀”
ရီဝမ်ဝမ် သွေးအန်မတတ် ဖြစ်သွား၏ ။ သို့သော်လဲ သူမ လက်သင့်မခံနိုင်ပါချေ ။ သူမ အရှုံးမပေးလိုပါချေ ။
ရီဝမ်ဝမ် ကြယ်ခုနစ်၏ ဆက်တိုက်သတိပေးနေမှုအား လျစ်လျူရှုထားလိုက်ကာ ဈေးဆက်ခေါ်လိုက်တော့သည် ။
“၅၁ သန်း”
ရီဝမ်ဝမ်သည် ခေါင်းမာမာနဲ့ ဆက်လောင်းနေသေးတာကြောင့် အရှင်နတ်ဆိုး၏မျက်ဝန်းတို့မှာလဲ အေးစက်လာရတော့ လေပြီ ။
“သန်း ၁၀၀”
ရီဝမ်ဝမ် ။ “…”
အစီအစဉ်တင်ဆက်သူက ရန်လိုလာသည့်လေထုကို ခံစားမိ၍ ဖြန်ဖျေလိုသည့်သဘောဖြင့် မေးမြန်းလာတော့သည် ။
“အရှင်နတ်ဆိုးက သန်း ၁၀၀ ကမ်းလှမ်းထားပါတယ် ။
နောက်ထပ် ကမ်းလှမ်းမယ့်သူများ ရှိပါသလား”
ရီဝမ်ဝမ် သူ့ ကို နေရာမှာတင် တိုက်ခိုက်တော့မှာလား ။
သူမ မလုပ်လောက်ပါဘူးနော် …
အခုချိန်မှာတော့ သူမ သည်းခံမြိုသိပ်နေမှ ရမှာနော် …
သို့သော်လဲ ရီဝမ်ဝမ်သည်ကတော့ လုပ်ချင်တာကို လုပ်ချလေပြီ ။ ၀ုန်းခနဲ ထရပ်လိုက်ပြီး
ထိုယောကျာ်းအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ …