"ကောင်းပြီ ဘာရိုသီးတချို့ကို သွားကောက်ပြီး ပြန်ကြရအောင်"ပိုင်မုက သူ့ရဲ့အတွေးတွေကို ပြန်ဆွဲယူလိုက်ပြီး အားပေးလိုက်တယ်။သူ့မှယ လုပ်စရာအများကြီး ရှိနေတုန်းပဲ။

"ဒါဆို သွားကြစို့"သူ့ချစ်သူလေးရဲ့တောင်းဆိုမှုနဲ့ လိန်းကျယ်ကလည်းပဲ ပိုင်မုစုဆောင်းခဲ့တဲ့ အပြာရောင်သစ်သားတွေရဲ့ အရွယ်အစားနဲ့တူတဲ့ အပြာရောင်သစ်သားအချို့ကို သူ့(အန်းချီလော့)အတွက် စုဆောင်းပေးခဲ့တယ်။

ခဲယ်လ်က အနီးနားက ဘာရိုသီးအချို့ကို ကောက်ခဲ့ပြီး ပိုင်မုရဲ့ကျောပိုးအိတ်က အပြည့်ထည့်သိပ်ခံလိုက်ရကာ လူတစ်စုက ၀န်အများအပြားနဲ့ ပြန်ခဲ့ကြတယ်။နေ့လည်စာကို အန်းချီလော့က ပြင်ဆင်ပြီး စွပ်ပြုတ်နဲ့အသားကင်ဖြစ်တယ်။စားရတာကြိုက်တဲ့သူဖြစ်တဲ့သူ့အတွက် ပိုင်မုက ကူကယ်ရာမဲ့နေမိတယ်။ထိပ်ဆုံးဦးစားပေးက အစားအစာကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာပဲ။

နေ့လည်စာစားပြီးတော့ ခဲယ်လ်တစ်နဲ့လိန်းကျယ်က အမဲလိုက်ဖို့ ထွက်သွားတယ်။ပိုင်မုနဲ့ အန်းချီလော့က နေ့လည်အားလပ်ချိန်ယူခဲ့ကြတယ်။ခြင်္သေ့လေးက စားသောက်ပြီးနောက် ဘယ်နေရာကို သွားရမလဲဆိုတာ မသိခဲ့ဘူး။

နေ့လည်ခင်းမှာ ပိုင်မုနဲ့ အိန်ဂျလိုက ဘာရိုသီးရဲ့ အခွံကို ခွာထုတ်ခဲ့ကြပြီး အနည်းငယ်ကြမ်းတဲ့အဖြူရောင်အသားကိုသာ ချန်ခဲ့ကြတယ်။အခွံခွာနေတုန်းမှာ ဒီအသီးကြီးထွားလာတာက ဘယ်လောက်အံ့ဩသင့်စရာကောင်းလဲလို့ ထင်ခဲ့တယ်။အနာဂတ်မှာ MSGအရသာရှိတဲ့အသီးပေါ်လာမလားဆိုတာ သူမသိဘူး။ပဲငံပြာရည်အနောက်(ကြာညို့)၊ရှာလကာရည်နဲ့ တခြားအရသာအသီးတွေသာရှိရင် သူက ပြည့်စုံသွားလိမ့်မယ်။

"အစ်ကိုကြီးပိုင်မု အခွံခွာပြီး အစ်ကိုဘယ်လိုလုပ်မှာလဲ"အန်းချီလော့ရဲ့အသံက သူ့ရဲ့အ‌ဆုံးမရှိတဲ့အတွေးတွေကနေ သူ့ကို ပြန်ဆွဲခေါ်ခဲ့တယ်။

"အစ်ကို အဲ့ဒီအကြောင်း တွေးနေတာ"အဲ့ဒါကို ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်း သူတကယ်တော့ တွေးမနေပါဘူး။ဆားကို ချက်ရုံပဲတဲ့လား။သစ်သီးရဲ့အသားရော?။သစ်သီးရဲ့အသားက သိမ်းထားလိုက်လို့  ဆက်အသုံး၀င်နေတဲ့ကာလက လျော့သွားရင်ရော?။သူနားမလည်နိုင်ဘူး။ဒါကြောင့် သူ အရင်ဆုံး စမ်းကြည့်မယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now