154

7.3K 1.1K 33
                                    

{Unicode}

"လူသစ်"

ရန်ကျားလိသည် ယဲ့ထင်၏ စံအိမ်အသစ်ထဲ နေထိုင် ဖြတ်သန်းနေသည်။

စံအိမ်ထဲ ပရိဘောဂများ အတော်လေး ပြည့်စုံပြီး ပိုအရေးပါသည်က ယဲ့ထင်အမေ၏ ဇီဇာကြောင်သော အပြုအမူများလည်း မရှိတော့၍ အလွန် သက်တောင့်သက်သာ ရှိနေသည်။

ယဲ့ထင် ထိုနေရာကို ပြန်ရောက်လာသောအခါ ရန်ကျားလိလည်း အိမ်မှာ ရှိနေသည်။

ရန်ကျားလိသည် ပြင်သစ်စတိုင် ပြတင်းပေါက်ရှေ့ ကြိမ်ထိုင်ခုံပေါ် ထိုင်နေပြီး ကျနေက နွေးထွေး ညင်သာစွာဖြင့် ကြမ်းပြင်ထက် ဖြာကျနေ၍ လေးထောင့်သဏ္ဍာန် ရောင်ပြန်ဟပ်နေသည်။ ရန်ကျားလိက ထိုလေးထောင့်ကွက်ထဲ ထိုင်နေပြီး အနက်ရောင် ဆံပင်တိုတိုနှင့် ကော့ညွတ်နေသော မျက်တောင်ကြား သေးငယ်သော ရွှေမျှင်ရောင်တန်းလေးက ခုန်ပေါက်နေပုံပေါ်သည်။ ကြိမ်ထိုင်ခုံဘေးတွင် ဟတ်စကီးတစ်ကောင် ရှိနေပြီး ရန်ကျားလိ ခြေထောက်ပေါ်တွင်တော့ နှစ်နှစ်ခြိုက်ခြိုက် ခွေခေါက်အိပ်နေသည့် ကြောင်လေးတစ်ကောင် ရှိသည်။ ရန်ကျားလိ လက်ထဲတွင် သိုးမွေးလုံးများကို ဟိုရွှေ့သည်ရွှေ့ ကစားနေရင်း သူ အိမ်ပြန်လာမည်ကို တိတ်တိတ်ကလေး စောင့်ဆိုင်းနေသည်။

ယဲ့ထင်သည် အိမ်တံခါးကို တွန်းဖွင့်လိုက်ပြီး ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် သူ့နှလုံးသားထဲ ရုတ်တရက် တစ်စုံတစ်ခုဖြင့် ထိမှန်သွားသလိုပင်။

တက္ကသိုလ် စတုတ္ထနှစ်တုန်းက ရန်ကျားလိနှင့် လမ်းခွဲခဲ့ပြီးနောက် အချိန်ကို သူ ယောင်ယောင်ဝါးဝါးဖြင့် သတိရမိသည်။ သူ အမေရိကားကို မထွက်သွားသေးခင်တွင် ကျောင်း၏ အရှေ့တံခါးဝသို့ ရောက်လာပြီး သူနှင့် ရန်ကျားလိိတို့ လမ်းခွဲခဲ့ကြသည့် ထို photinia အပင်အောက် တစ်နေ့ခင်းလုံး ထိုင်နေခဲ့ဖူးသည်။

ထိုအချိန်က သူသည် အနာဂတ်တွင် များပြားလှစွာသော အရာများ၊ စည်းစိမ် ဥစ္စာ၊ ဂုဏ်ပုဒ် ဂုဏ်ဒြပ်နှင့် အင်အား အာဏာများ ပိုင်ဆိုင်လာလိမ့်မည်ဟု တွေးနေခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now