ကိုအဲ ခုနေ့ အားချင်းပြန်မည့်အကြောင်း မနေ့ညနေကထဲက nurse ဆရာမတွေနဲ့ လူနာတွေအား နှုတ်ဆက်ထားပြီပြီဖြစ်သည်။ ခုညနေတွင်ပဲ တာဝန်ကျ doctor ရောက်လာမည်မို့ လူနာတွေအတွတ် ကိုအဲ စိတ်ပူစရာမလိုတော့။ လိုအပ်တာတွေ ဆရာမတွေအား ညွှန်ကြားထားပြီးပြီမို့ ဆရာဝန်တိုက်ခန်းအား ပြန်သွားကာ ငယ့်ကို တောင်းရမ်းဖို့ ငယ့်ဦးလေးအိမ် သွားကြမည် ဖြစ်သည်။

ကဲကဲလေးတို့သားအဖတွေက နီညိုရောင် ယောပုဆိုးနဲ့ ရှပ်လက်ရှည်ပန်းဖျော့ရောင်လေး ဆင်တူဝတ်ကာ၊ ကိုကြီးနဲ့ ဖြိုးကိုက အပြာရောင် ယောပုဆိုးနဲ့ရှပ်အပြာလေး ၊ ကိုအဲနဲ့လွင်ပြင်က ငွေရောင် ပိုးပုဆိုးနဲ့အဖြူရောင် ရှပ်လက်ရှည်ကို ဝတ်ကာ ဖေကြီးနဲ့ဖေဖေက နက်ပြာရောင်ရှပ်လက်ရှည်နဲ့ ပုဆိုးနက်ပြာအား ဝတ်ကာ သားတွေနဲ့အပြိုင် ခန့်ညားနေ၏။ လေးငယ်နဲ့ ေလးမြတ်က ခရီးထွက်နေသဖြင့် ပွဲလွတ်သွားချင်းသာ။ ဦးပိုင်နဲ့ဦသန့်တို့ကလဲ coffee city ဆိုင်လေး ဖွင့်ထားသည်မို့ မြို့ကိုရောက်မှ လာတွေ့မည်ဟု ပြောလာသည်။

ကိုနေနဲ့ ကဲကဲလေးတို့ ကားနောက်ခန်းထဲ ကိုအဲတို့ လိုက်ပါလာရင်း သူ့ဘေးနားက လက်ဖျားလေးအေးနေတဲ့ ငယ့်လက်လေးအား ဆုပ်ကိုင်ထားလိုက်၏။ ငယ်တွေးနေမှာပေါ့။သူ့ ဦးလေး မိသားစုက သူတို့အား အထင်မြင်သေးသည့် ပုံစံတွေပြောလွှတ်မှာကို။ အစ်ကိုက ငယ့်ကို အပြောခံပါ့မလားကွာ။ ကိုအဲ မနေ့ညနေကထဲက ငယ်တို့ရပ်ကွက်လူကြီးကို အကျိုးအကြောင်းရှင်းပြထားပြီးသား။ သူ ခုလို သွားတောင်းရတယ်ဆိုတာ ငယ့်ကို ငယ်ငယ်လေးထဲက နေထိုင်ခွင့်ပေးထားလို့သာ ။ ဖေကြီးတို့နဲ့ တိုင်ပင်ပြီး ရင်းနှီးစားဖို့ ပမာဏတခု ပေးခဲ့မည်သာ ဖြစ်သည်။

ငယ်တို့ အိမ်ရှေ့ရောက်တော့ ကိုနေ့အား ကားရပ်ခိုင်းပြီး ကိုအဲတို့ မိသားစုတွေ အတူတူ ကားပေါ်မှ ဆင်းလာခဲ့ကြသည်။ ရပ်ကွက်လူကြီး လဲရောက်နေပြီး ငယ့်ဦးလေးအိမ်ထဲ လူစုံနေ၏။ စိုးထိပ်နေသော ငယ့်လက်လေးအား သူဆုပ်ကိုင်ရင်း အားပေးလိုက်ကာ အိမ်ထဲ ဝင်လာခဲ့ကြသည်။

ကိုအဲတို့ မိသားစုအား ကြည့်ကာ ငယ့်ဦးလေးနဲ့တခြားသူတွေက ရှိန်နေပုံရပြီး ဖေကြီး ဦးဆောင်ကာ ကိုအဲနဲ့ငယ့် လက်ထပ်မည့်အကြောင်း အသိပေးရင်း ငယ့်အား ငယ်ငယ်လေးထဲကနေ ကြည့်ရှုပေးခဲ့သည့်အတွတ် သူတို့သားမက်လေးကိုယ်စား လက်ဆောင်ပေးသည်ဟုဆိုကာ သိန်းသုံးရာ ထုတ်ပေးလိုက်၏။ ငယ့်အပေါ်မကြည်သော ဦးလေးမိသားစုရော တခြားသူတွေကပါ ငွေကိုကြည့်ပြီး အကြည့်တွေ တမျိုးပြောင်းကုန်ကြ၏။ ကိုအဲကတော့ ပျော်သည်။ သူ့ ငယ်အား ဒီနွံထဲမှ အပြီး သူရယူနိုင်ခဲ့ပြီမို့ ။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now