"အကိုကြီးပိုင်မု အနာဂတ်မှာ ကျွန်တော်ချက်ပြုတ်တဲ့အချိန် ဘာရိုသီးအရည်အချို့ကို ပေါင်းထည့်လိုက်တာနဲ့ အရသာရှိသွားမှာလား"အန်းချီလော့က အရင်ကနဲ့လုံး၀ကွာခြားသွားတဲ့အသားကင်ကို စားခဲ့ပေမယ့် သစ်သီးက အရသာရှိအောင် ပြုလုပ်နိုင်တာကိုလည်းပဲ သူမမျှော်လင့်ခဲ့မိဘူး။

"ဟုတ်တယ် အနာဂတ်ကျရင် မင်းတချို့ကိုထည့်နိုင်တယ် ဒါပေမယ့် အသီးက အချိန်အကြာကြီး သိုလှောင်ထားလို့မရဘူး။မနက်ဖြန်ကျရင် ကျွန်တော်တို့ ဆားထုတ်ယူဖို့ ကြိုးစားရမယ်။ဒါမှသာ အချိန်အကြာကြီး သိုလှောင်ထားနိုင်မှာ"အန်းချီလော့က ဖျတ်လတ်တက်ကြွပြီး ချစ်စရာကောင်းတယ်လို့ ပိုင်မုထင်တယ်။သူက ဒီကောင်လေးကို အများကြီးနှစ်သက်သဘောကျတယ်။

"အကိုကြီးပိုင်မု အစ်ကိုဘာ၀တ်ထားတာလဲဘာလို့ တိရိစ္ဆာန်သားရေမဟုတ်တာလဲ"တပေါက ပိုင်မုပေါ်က ထူးဆန်းတဲ့အရာကိုကြည့်ပြီး စူးစမ်းချင်စိတ်ပြင်းပြစွာမေးတယ်။သူက မေးချင်ခဲ့ပေမယ့် အမဲသားခြောက်ကြောင့် ဆွဲဆောင်ခံလိုက်ရပြီး မေ့သွားခဲ့တာ။

"ဒါက ကျွန်တော်တို့မှာရှိတဲ့ ချည်ထည်လို့ခေါ်တဲ့ဟာပဲ။ ချည်နဲ့လုပ်ထားတဲ့ အ၀တ်အစားက  ကိုယ်ပေါ်မှာ ၀တ်ဆင်ရတာ အရမ်းသက်တောင့်သက်‌သာရှိပြီး နွေရာသီကျရင်လည်း အရမ်းမပူဘူး"ပိုင်မုက စပ်စုနေတဲ့ကလေးကို ရှင်းပြလိုက်တယ်။အရွယ်ရောက်ပြီးတဲ့orcနှစ်ယောက်ကလည်းပဲ တိတ်တိတ်လေး နားထောင်နေကြတယ်။

"အိုး ဘယ်အချိန်ကျရင် အရသာရှိတဲ့ အမဲသားခြောက်ကို သားစားလို့ရနိုင်မလဲ အကိုကြီးပိုင်မု"ဒီနေ့ရဲ့အသားကင်ကလည်းပဲ အရသာရှိပေမယ့် တပေါကတော့ ပိုပြီးအရသာရှိတဲ့ ငါးဆစပ်တဲ့အမဲသားအကြောင်းကို တွေးနေတုန်းပဲ။

"အစ်ကိုမသိဘူး ပစ္စည်းအားလုံးရှာတွေ့ဖို့ အစ်ကိုစောင့်ဖို့လိုတယ်"ပိုင်မုက ရယ်ချင်နေတယ်။ဒီခြင်္သေ့လေးက လုံး၀ကို အစားသရဲလေးပဲ။

"အိုး"တပေါက နည်းနည်းတော့ စိတ်ပျက်သွားတယ်။ပြီးတော့ ဘယ်အချိန်မှ ပါ၀င်ပစ္စည်းလို့ခေါ်တဲ့ဟာတွေကို သူ(ပိုင်မု)ရှာနိုင်မလဲဆိုတာ သူမသိဘူးလေ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now