Extra 3 ( Zawgyi)

Start from the beginning
                                    

သူ့သားလေး၏ အပြုအမူနှင့် မျက်နှာလေးသည် ထျန်းမော့ချီနှင့် ထပ်တူနီးပါး ဆင်နေခဲ့သည်ပင်။

" အင်း...ဒယ်ဒီရဲ့ဝေဝေ့ လုပ်သမျှ မှန်တယ်။ မခံလာရဘူးမှတ်လား?"

" ဟုတ်။ ဝေဝေ့က ဝတုတ်ရုပ်ဆိုးကို ငိုသွားအောင် ပြန်ချပစ်လိုက်တာ။ စစ်ရီလေးက ငြိမ်ခံနေပေမဲ့၊ ဝေဝေ့ကတော့ ငြိမ်မခံနိုင်ပေါင်"

ဝေဝေ့လေးက ဖေးယိယန်၏ လည်ပင်းသားတွေဆီ ခေါင်းလုံးလုံးလေးကို အပ်လျှက်၊ လက်သေးသေးလေးတြွေဖင့် ဖေးယိယန်ကို တင်းကြပ်စွာ ဖက်ထားရင်း၊ ဂုဏ်ယူသလို ပြောလာ၏။

" ဒီမယ်... ရှင်က ဒီကလေးနှစ်ယောက်ကို မွေးတဲ့သူလား?"

ဒေါသထွက်နေသယောင် အသံတစ်ခုက ပေါ်ထွက်လာတော့၊ ဖေးယိယန်၏ ခရမ်းနုရောင်မျက်ဝန်းတို့သည် အသံပိုင်ရှင်ရှိရာသို့ ကျရောက်သွားချေ၏။

" ဟုတ်တယ်။ ကျုပ်ပဲ။ ကျုပ်ကိုယ်တိုင် ဒီကလေးနှစ်ယောက်ကို မွေးထားတာ။ ဘာကိစ္စရှိလဲ?"

ဖေးယိယန်၏လေသံခပ်မာမာကြောင့်၊ ထျန်းမော့ချီက ဖေးယိယန်၏ အင်္ကျီလက်စကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီး၊ 'လေသံသိပ်မမာပါရန်' သတိပေးသလိုလေး ပြုမူလာလေသည်။

ဖေးယိယန်သည် သူ့အင်္ကျီလက်စကို ဆွဲနေသည့် ထျန်းမော့ချီအား ခပ်စူးစူး အကြည့်တစ်ချက်ပေးကာ၊ အင်္ကျီလက်စကို ပြန်ဆောင့်ဆွဲလိုက်လေပြီး၊ အယ်ဖာအမျိုးသမီး၏ ခပ်တင်းတင်း အကြည့်ကို တန်ပြန်ရင်ဆိုင်လိုက်လေသည်။

သွေးသန့်အယ်ဖာအမျိုးသမီးဖြစ်ပုံရသည့် အနှီမိန်းမပျိုသည် ဖေးယိယန်၏ အကြည့်တစ်ချက်ကို ရင်ဆိုင်လိုက်ရသည့်အခါ၌၊ အနည်းငယ်တွန့်ဆုတ်သွားချေသည်။

အယ်ဖာအမျိုးသား၏ အိုမီဂါသည် ထိုမျှလောက်တောင် စိတ်ခွန်အားမှာ သာလွန်နေသည်တဲ့လား? အယ်ဖာအမျိုးသား၏ ခန္ဓာကိုယ်နှင့်ခွန်အားကို မယှဉ်နိုင်သော်လည်း၊ ထိုသူ့၏ ပတ်ဝန်းကျင်အငွေ့အသက်သည် စိတ်ဓာတ် သန်မာမှုနှင့် ယောကျာ်းဆန်သည့်အငွေ့အသက်တို့ ပေါ်ထွက်နေ၏။

" ကောင်းပြီ။ ရှင့်သမီးက ကျွန်မသားကို ဒီလို စုတ်ပြတ်သတ်သွားအောင် ရိုက်လိုက်တယ်။ ရှင့်ကလေးကို ပြန်ဆုံးမပေးဖို့ မျှော်လင့်ပါတယ် ...."

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now