ရန်ကျားလိသည် သူ၏ ဟန်ဆောင် ရုပ်ဖျက်ထားသော ပုံစံကိုကြည့်ရင်း သိုးရေခြုံထားတဲ့ ဝံပုလွေဟု ညည်းညူသံ ပြုလိုက်သည်။ ပြီးနောက် ခေါင်းယိမ်းနေသော ဘဲငန်းကဲ့သို့ ခြေထောက်ကို လိမ်ယှက်ရင်း ရေချိုးခန်းထဲ ဝင်သွားတော့သည်။

အဘိုးယဲ့နှင့် ဖေဖေယဲ့မှာ မနက်စောစော ထတတ်ကြ၍ မနက်စာ စားချိန်တွင် ထမင်းစားပွဲထက် ရန်ကျားလိ၊ ယဲ့ထင်နှင့် ယဲ့ထင်၏ အမေတို့သာ ရှိသည်။

ဖန်လင့်ယီအား ကြည့်ရသည်မှာ ယနေ့ စိတ်အခြေအနေ မကောင်းနေ၍ စကားတစ်ခွန်းမှ မပြောလာပေ။

သူမသည် တစ်ဖက်က ဖြည်းဖြည်းဆေးဆေးနှင့် မနက်စာ သုံးဆောင်နေရင်း တစ်ဖက်က ရန်ကျားလိကို မသိမသာဖြင့် လေးငါးခေါက်လောက် ကြည့်နေ၏။ သူမ မျက်လုံးထဲတွင် စိတ်အားထက်သန်မှုတို့ မရှိတော့ဘဲ နှုတ်ခမ်းတွင် ချိတ်ဆွဲထားသည့် မှေးမှိန်မှိန် အပြုံးကပင် ပျောက်ကွယ်သွားကာ အလွန်တရာ တည်တံ့နေသည်။

ရန်ကျားလိသည် မနေ့ထဲက အသေအချာ စဥ်းစားပြီးပြီ ဖြစ်၍ ဖန်လင့်ယီ၏ အပတ်တကုပ် စွမ်းဆောင်နေသော စိမ်းကား ဖယ်ကြဥ်သည့် အပြုအမူကို ဂရုမစိုက်တော့ပေ။

သူသည် မိမိဘာသာ တက်တက်ကြွကြွနှင့် မနက်စာ စားလိုက်ကာ ကျောပိုးအိတ်လွယ်၊ အိမ်မှထွက်ကာ မန်နေဂျာ ကုမ္ပဏီ၏ လေ့ကျင့်ခန်းဆီ သွားလိုက်သည်။

မနေ့ညက WeChat တွင် သူ လီတာ့နှင့် လီအော့တို့ ဤအချိန် လေ့ကျင့်ခန်းတွင် တွေ့ဆုံဖို့ ချိန်းထားခဲ့ကြသည်။

သူ လေ့ကျင့်ခန်းထဲ တစ်အောင့်လောက် စောင့်နေပြီးနောက် လီတာ့နှင့် လီအော့လည်း ရောက်လာသည်။

လီအော့ထံတွင် တောက်ပသော အပြုံးတစ်စုံ ရှိနေဆဲ ပုံစံဖြစ်ပြီး လီအော့ အနောက်တွင် ပါလာသည့် လီတာ့ကတော့ အနည်းငယ် တည်တံ့နေပုံပေါ်သည်။

ရန်ကျားလိသည် လီတာ့ကိုယ်ပေါ် စက္ကူဘောလုံးဖြင့် ပစ်ပေါက်လိုက်ပြီး ပြုံးကာဆိုသည်။

"ဒီလောက် မျက်နှာကြီးက တည်နေတာ၊ ဘာလဲ၊ စိတ်ဆိုးနေတုန်းလား"

လီတာ့သည် စန္ဒယား ခုံပေါ်တွင် ထိုင်လိုက်ပြီး ရန်ကျားလိကို တစ်ချက် ကြည့်ပြီးနောက် ဘာမှပြန်မပြောပေ။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora