"ဘယ်လိုမျိုးလဲ"

"ဥပမာကွာ သူငယ်ချင်းကို သဝန်တိုတယ်ဆိုတာက သူက ကိုယ့်ထက်တစ်ခြားသူကို ခင်မှာစိုးလို့ ဒါမျိုးမို့ သဝန်တိုတာကွာ
တစ်ချို့ကျ ရည်းစားမထားစေချင်လို့ သဝန်တိုတာ ဒါသူငယ်ချင်းကို သဝန်တိုနည်းမျိုး
ကိုယ်ချစ်တဲ့သူကို သဝန်တိုတာက‌ကျတော့ မင်းက သူ့ကို ဘယ်သူနဲ့တွေ့တွေ့ မင်းစိတ်ထဲကိုက jelous ဝင်နေတာကွာ ကလေး‌သေးသေးလေးနဲ့တောင် ချစ်ပြနေရင် သဝန်တိုနေတာမျိုး နားလည်ပီလား"

"နားလည်သလိုလိုတော့ ရှိပီ ဟျောင်းရာ ဒါနဲ့လေ ဟျောင်း
ဥမာနော် ဟျောင်း
ကျွန်တော်က ကျွန်တော့်သူငယ်ချင်းကို တခြားတစ်ယောက်က ချစ်ဖို့ကောင်းတယ်လို့ ပြောတာကို သဝန်တိုနေတာဆိုရင်ကော"

"အာ ဒါကတော့ မင်းတို့က အရမ်းရင်းနှီးရင်တော့ တခြားသူအဲ့လိုပြောတာ သဝန်တိုတတ်ပါတယ် သူငယ်ချင်းလိုပေါ့"
(ကိုဂျင်ရေ ရှင့်ကို ကျွန်မတော့ ဘယ်တော့မှ အောင်သွယ်မလုပ်ခိုင်းတော့ဘူး🙂)

"အော်အာ့ကြောင့်နေမယ်"

"မင်းအကြောင်းမလား အဲ့တာ ပြောစမ်း ဘယ်ကောင်မလေးကို သဝန်တိုနေတာလဲ ပြောစမ်း ထယ်လေး"

"ဟာ မဟုတ်ပါဘူး အဲ့လို"

"ဒါနဲ့ ထယ်ယောင်း ငါပြောမလို့ ကျန်ခဲ့လို့ သူငယ်ချင်းပေမယ့်လဲ ကိုယ့်ဘက်က ခံစားချက်ရောထွေးနေတာလဲ ဖြစ်နိုင်တယ်နော် ငါ့ညီ"
(သူ ဒီတစ်ခါတော့ တော်သွားပီ😉 )

"မသိလို့မေးပါတယ်ဆိုနေ ဟျောင်းက အဖြေအတိအကျလဲ မပေးဘူး"

"မင်းလို့ ဝန်ခံရင် ပြောပြမယ်လေ ပြီးတော့ မင်းက ဇာတ်ကြောင်းလဲ မပြောဘဲ ငါ့ကို တစ်ခုပဲ ကွက်မေးပြီး solution လာရှာနေတယ် "

"ဟုတ်ပီ hyung ရာ ရှက်မနေတော့ဘူး hyung ဆီကပဲ အကြံတောင်းကြည့်တော့မယ်
............ ဇာတ်လမ်းက အဲ့တာပဲ
ကျွန်တော် အဲ့တာကြားပီးနောက်ပိုင်း ဘာလို့မှန်းမသိ မွန်းကျပ်လာလို့ လှည့်ပြန်ပီး hyung ကို ခေါ်လိုက်တာပဲ"

"မင်းနဲ့ jimin က ခင်တာ ကြာ‌ပီပဲလေ
hyung သုံးသပ်ရရင်တော့ မင်းသူ့ကို အဆင့်တက်ချင်နေတာလို့ပဲ ယူဆရလိမ့်မယ်"

95's Diary 💟Where stories live. Discover now