"ဒီမှာပါ" အစွန်ဘက်မှာထားထားတဲ့ မြေစေးအိုးနဲ့ ‌ဆေးကြောထားတဲ့ အစိမ်းရောင်အရွက်အချို့ကို သူ(ပိုင်မု)ထုတ်ယူလိုက်တယ်။

"ဒီထဲမှာ ထည့်ထားတာလုံလောက်ရဲ့လား"ပိုင်မုက တကယ်ကို သဘောမပေါက်ဘူး။

"ဟုတ်တယ် အစ်ကိုအခု အဲ့ဒါကို အထဲထည့်နိုင်ပြီ"*အိန်ဂျလိုက ပြောလိုက်ပြီး စွပ်ပြုတ်ထဲကို အစိမ်းရောင်အရွက်ထည့်လိုက်တယ်။(T/N-အန်းချီလော့ပါပဲ ဒါက English nameဖြစ်မယ်)

"အစ်ကိုတို့ဘာတွေလုက်နေတာလဲ သားလည်းပဲ ကူညီချင်တယ်လေ"သူ့ရဲ့အစ်ကိုကြီးက လိုက်ပါမယ့်သူတ‌စ်ယောက်မှမပါပဲနဲ့ အပြင်ထွက်သွားတာကို တပေါက မြင်လိုက်ပြီး ညစာလုပ်တဲ့အဖွဲ့ထဲကို တက်တက်ကြွကြွနဲ့ ပါ၀င်လိုက်တော့တယ်။သူကတော့ ဒီနေ့ညစာကို မျှော်လင့်စောင့်စားနေပြီ။

"အန်းချီလော့ တွေ့လား ကိုယ် မင်းအတွက် မင်းအကြိုက်ဆုံးသစ်သီးတွေ:ယူလာခဲ့တယ်"ထို့နောက် လိန်းကျယ်က လာခဲ့တယ်။

"ကျေးဇူးတင်ပါတယ်"အန်းချီလော့က လိန်းကျယ်ရောက်လာတာကို မြင်ပြီး အရမ်းပျော်ရွှင်နေတယ် ။သူ့(လိန်းကျယ်)ကို နှုတ်ဆက်လိုက်ပြီး တိရိစ္ဆာန်သားရေနဲ့ ထုပ်ပိုးထားတဲ့ အသီးတွေကို သူ့(လိန်းကျယ်)ဆီကနေ ယူခဲ့တယ်။"လိန်းကျယ် ထမင်းက အခုထိ အဆင်သင့်မဖြစ်သေးဘူး အရင်ထိုင်ပါဦး"

"ကောင်းပါပြီ အနံ့က အရမ်းးမွှေးတာပဲ အန်းချီလော့ရဲ့လက်ရာကတော့ ပိုပိုပြီးတော့ ကောင်းလာတယ်"သူဂူထဲကို ၀င်လာတုန်းက လိန်းကျယ်က စွပ်ပြုတ်ရဲ့အနံ့ကို ရခဲ့တယ်။သူက သူ့ရဲ့အနာဂတ်ပါတနာကို ချီးမွန်းဖို့ မတွန့်တိုပါဘူး။

"ဒါတွေ အကုန်လုံး အကိုပိုင်မုရဲ့ ဂုဏ်ယူစရာတွေချည်းပါပဲ"အန်းချီလော့က တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်တက်စရာကိစ္စတွေကို နာမည်မယူခဲ့ဘူး။

"ဒါနဲ့ ကိုယ်ဘာလို့ မင်းအစ်ကို မမြင်မိတာလဲ"အိမ်မှာလို့ထင်တဲ့ ခဲယ်လ်တစ်ကို မမြင်တော့ လိန်းကျယ်က ထူးထူးခြားခြား မေးခဲ့တယ်။

"ကျွန်တော့်အစ်ကိုကြီးက ဘာရိုသီးတွေကောက်ဖို့သွားတယ် သူမကြာခင်ပြန်လာမှာပါ"

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now