"ဒါနဲ့ ခဲယ်လ်တစ် ခင်ဗျားရဲ့မိဘတွေကို ဘာလို့ မ‌တွေ့ရတာလဲ"ပိုင်မုက သူတို့ရဲ့မိဘတွေကို မမြင်ရပဲ ပြောတာလည်း မကြားရတာကြောင့် အံ့အားသင့်ခဲ့တယ်။

သူစကားပြောပြီးနောက်မှာ ဂူထဲက လေထုက လေးနက်လာတယ်။ခဲယ်လ်တစ်တို့ညီအစ်ကိုသုံးယောက်က ၀မ်းနည်းတဲ့အမူအရာရှိနေကြပြီး တပေါလေးရဲ့မျက်၀န်းတွေက နီရဲနေတယ်။

"တပေါက ဆောင်းတွင်းမှာမွေးခဲ့တာ သူမွေးပြီးတော့ သူ့အမေက အရမ်းကို အားနည်းနေပြီး အဲ့ဒီဆောင်းတွင်းမှာ သူ(အမေ)အသက်မရှင်ကျန်ရစ်တော့ဘူး။တပေါတောင် မကျော်ဖြတ်နိုင်လုနီးပါးဖြစ်ခဲ့တာ ဘယ်အချိန်မဆို အသက်ရှူရပ်သွားမယ့်အထိ သူအားနည်းနေခဲ့တာကို မင်းမသိပါဘူး"ခဲယ်လ်တစ်က ယခုအခါမှာတော့ ကျန်းမာနေတဲ့သူ့ရဲ့ညီလေးကို ကြည့်လိုက်ပြီး ကျေနပ်သလို ခံစားလိုက်ရတယ်။သူ(ခဲယ်လ်တစ်)က သူ့(‌တပေါ)ကို ကောင်းကောင်းကြည့်ရှူစောင့်ရှောက်ခဲ့ပြီးတော့ ကလေးရှိလာခဲ့ပြီးနောက်မှာလည်း ကောင်းကောင်းကြည့်ရှူစောင့်ရှောက်နိုင်မယ်လို့ သူ(ခဲယ်လ်တစ်)ယုံကြည်တယ်။(T/N-တူတူတောင်မနေရသေးဘူးလေဟာ (눈‸눈)

"ကိုယ့်အမေ‌ဆုံးပြီးနောက်မှာ ကိုယ့်အဖေက စိတ်ထိခိုက်သွားပြီးတော့ သူ့ခန္ဓာကိုယ်ကအားနည်းလာတယ် နောက်နှစ်ဆောင်းတွင်းမှာ ကိုယ့်အဖေကလည်းပဲ ကိုယ့်အမေနဲ့ထွက်သွားခဲ့တာ"ငယ်ငယ်လေးနဲ့ဆုံးသွားခဲ့တဲ့ သူတို့ရဲ့မိဘတွေကို တွေးမိပြီး ညီအစ်ကိုသုံးယောက်က အရမ်း၀မ်းနည်းနေခဲ့ကြတယ်။

"မင်းတို့ရဲ့၀မ်းနည်းစရာအကြောင်းတွေကို ပြောမိလို့ စိတ်မကောင်းပါဘူး"ပိုင်မုက ၀မ်းနည်းနေတဲ့ ညီအစ်ကိုသုံးယောက်ကို ရှက်ကိုးရှက်ကန်းနဲ့ ကြည့်လိုက်တယ်။

"အဆင်ပြေပါတယ် မင်းကိုအပြစ်မတင်ပါဘူး"ခဲယ်လ်တစ်က သူ့ကို နူးညံ့သိမ်မွေ့တဲ့အပြုံးတစ်ခု ပေးခဲ့တယ်။

ပိုင်မုရဲ့နှလုံးသားလေးက အပြုံးကြောင့် ခုန်တာရပ်သွားကာ အန်းချီလော့ဆီ စပ်စုချင်ယောင်ဆောင်ပြီး ‌လျင်မြန်စွာ ပြေးသွားခဲ့တယ်။"အန်းချီလော့က ညကျရင် ဘယ်လိုစားကောင်းတာကို လုပ်မလို့လဲ"

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now