Episode. 19 (Final)

704 49 22
                                    

<이젠 나 혼자가 아닌
အခုငါငါတစ်​ယောက်တည်းမဟုတ်​တော့
너와 함께 하는 거야
မင်းနဲ့တူတူရှိ​နေပီ>

ထို့​ကြောင့်အခန်းထဲပြန်ဖို့လုပ်​နေတဲ့jihoonကိုဆွဲထားလိုက်သည်..

"ငါတကယ်​တောင်းပန်တာပါ"
သူ့ဘက်ကိုပြန်လှည့်လာတဲ့Hoonie က
"ဒီတစ်ခါ​နောက်ဆုံး​အခွင့်အရေးပေးလိုက်မယ်"
"ဟီး..Hoonie အ​ကောင်းဆုံး"

Hoonie ကသူ့ကိုတစ်ချက်ပြန်ကြည့်ရင်း..သူ့အခန်းထဲဆက်သွားလိုက်သည်..ဘယ်ရမလဲchoi hyunsuk တို့ကလဲjihoon အခန်းကိုအရင်​ရောက်​အောင်သွားပီး​တော့ဝင်​နေလိုက်သည်

"Hyung ဘာလုပ်တာလဲ...ကိုယ့်အခန်းကိုသွား​လေဗျာကျွန်​တော်နားချင်ပီ"
"ငါလဲနားချင်တာပဲ..ငါမင်းကို၃နာရီ​ကျော်ထိုင်​စောင့်​နေ​တော့ခါး​တွေ​ညောင်း​နေပီ.."
"ဘာလို့စောင့်နေတာလဲ"
"စိတ်​ကောက်​နေတဲ့ငါ့​ခွေး​ပေါက်​လေးကို​ချော့ဖို့​ပေါ့ကွာ"

ပြောရင်းသူ့ကုတင်​ပေါ်တက်အိပ်​နေသည်..

Hoonie က​ဘေးနားဝင်အိပ်ပီးသူ့ကို​ကျော​ပေးထားသည်..
Hyunsukလဲ​ကျော​ပေးသွားတဲ့jihoonကိုဖက်ရင်းရှင်းပြမိသည်

"Hyung မင်းစကားကိုဂရုမစိုက်တာမဟုတ်ပါဘူးကွာ..hyungကြားပါတယ်...HyungကDaeguမှာအဝတ်အစား​တွေလဲရှိတယ်..ဘာမှပြင်စရာမလိုဘူး​လေဘယ်ချိန်ထသွားသွားရတယ်..အဲ့တာ​ကြောင့်​ခေါင်းပဲငြိမ့်ပြမိတာပါ..​နောက်ပိုင်းကိစ္စက​တော့hyung လွန်သွားတာပါ..ဟင်း"

အဲ့​တော့မှသူ့​ကောင်​လေးသူ့ဘက်လှည့်လာသည်...

"Hoonie Hyung နဲ့တူတူည​နေစာစားရ​အောင်​လေ..hyung က၆နာရီဂျူတီဝင်ရမှာ"
Hoonie က​ခေါင်းငြိမ့်ပြသည်...

ထမင်းစားရင်း...
"ဘယ်​နေ့သွားချင်တာလဲHoonie "
"Hyung အဆင်ပြေတဲ့​နေ​ပေါ့"
"Hyung​ဆေးရုံကိုခွင့်တင်လိုက်အုံးမယ်..တင်တာနဲ့ရပါတယ်"
"အာ့ဆိုသဘက်ခါသွားရ​အောင်"
"အင်း.."

"Hyungရုတ်တရက်ကြီးထူးဆန်းလာတယ်.."
"ဘာလို့လဲ?"
"ပုံမှန်ဆိုhyung က ငါ လို့ပဲသုံးတာပါ...ခုကျHyungတဲ့.."
"ငါလို့သုံးတာနဲနဲမာ​နေသလားလို့..မကြိုက်ဘူးလားဒီအသုံးကို"
"မမာပါဘူး..ခုကျညီအကိုZoneထဲ​ရောက်သွားသလိုပဲ"
"မထည့်ချင်ပါဘူးညီအကိုzoneထဲကို"
"ကျွန်​တော်က​ကောဝင်မယ်ထင်​နေတာလား"
နှစ်​ယောက်လုံးပြိုင်တူရီမိသည်..
.
.
.
.
သူတို့ကား​လေကSeoul က​နေထွက်ခွာပီးdaeguမြို့သို့ထွက်ခွာခဲ့သည်..hyungကသူကား​မောင်းမယ်​ချင်သည်ဟု​ပြောပီး​မောင်း​နေ​သော​ကြောင့်Jihoonက​တော့​အေး​ဆေးအိပ်လိုက်ရုံ..

Sirius's Polaris Where stories live. Discover now