Episode. 13

333 41 13
                                    

<사랑한단 말은 어떤 의미였어
ချစ်တယ်ဆိုတဲ့စကားကဘယ်လိုအဓိပ္ပါယ်ဖြစ်ခဲ့တာလဲ>

"Jihoonငါတို့လမ်းခွဲရ​အောင်"
"Hyungဘာ​တွေ​ပြော​နေတာလဲ"
"ငါတို့လမ်းခွဲရ​အောင်လို့"

စ​နောက်​နေဟန်မရှိတဲ့hyung မျက်ဝန်း​တွေ​ကြောင့်hyungအတည်​ပြော​နေမှန်းJihoon နားလည်လိုက်သည်..

"ဘာလို့လဲ..​ပြောအ​ကြောင်းပြချက်..ကျွန်​တော်လက်ခံနိုင်​လောက်မဲ့အ​ကြောင်းပြချက်ကို​ပေးပါChoi Hyunsuk"

"မင်းနဲ့တွဲရတာပျင်းဖို့​ကောင်းတယ်..အာ့​ကြောင့်ဆက်မတွဲချင်​တော့ရုံ"

"ဘာ??အာ့ဆို​ဖြေစမ်းပါအုံး..ခင်ဗျားတစ်ဖွဖွ​ပြောခဲ့တဲ့ချစ်တယ်ဆိုတဲ့စကား​တွေကဘယ်လိုအဓိပ္ပါယ်များဖြစ်ခဲ့တာလဲ??"

Jihoon​မေး​နေ​ပေမဲ့hyunsukက​တော့တုံနှိဘာ​ဝေသာ​နေ​နေသည်

"တွဲလာတဲ့တစ်​လျှောက်လုံးမှာကျွန်​တော်​ပြောခဲ့သမျှစကားလုံးတိုင်းကကျွန်​တော့ရင်ကဖြစ်တည်လာတဲ့စစ်မှန်​တွေပဲ..အဲ့လိုပဲခင်ဗျားဘက်ကပြန်​ပြောလာတဲ့စကား​တွေကိုလဲကျွန်​တော့လိုဖြစ်မယ်ပဲထင်ခဲ့တာ..ကကျွန်တေ့ာ်အမှားကြီးမှားခဲ့တာပါ့လား... ​ပြောလို့choi hyunsuk ခင်ဗျား"

"​တော်ပါ​တော့jihoon ငါမင်းကိုညီ​လေးတစ်​ယောက်ထက်မပိုခဲ့ဘူး"

"အဟက်..ညီ​လေးတစ်​ယောက်ထက်မပိုခဲ့ဘူး"
Jihoon ကခါးသီးစွာရီ​နေရင်း
"အာ့ဆိုဘာလို့ဒီအ​ခြေအ​နေထိလာခဲ့တာလဲ..ခင်ဗျားဒီ​နေ့ဘာ​နေ့လဲသိလား"
"မသိဘူး"
"ဒီ​နေ့ကျွန်​တော်တို့ချစ်သူသက်တမ်း၆လပြည့်ဗျ"
"ဟုတ်လား..?"

မသိသလိုလိုသိသလိုလိုလုပ်​နေတဲ့choi Hyunsuk​ကြောင့်Park Jihoon​ဒေါသကစိုးရိမ်​ရေအမှတ်ထိ​ရောက်​နေပီသူ့မှာ​တော့ဘယ်​လောက်​တောင်ချစ်ခဲ့ရလဲ

"ခင်ဗျား...ခင်ဗျားဗျာ"​ပြောရင်း​ဒေါသ​တွေကိုထွက်​ပေါက်ရှာဖို့နံရံကိုသာပုံချလိုက်သည်

"ဟုတ်ပါတယ်ခင်ဗျားရဲ့​ပေါက်ကရ​လေးဆယ်အနှစ်သာရမရှိတဲ့ချစ်တယ်ဆိုတဲ့စကား​တွေကိုယုံမိတဲ့ကျွန်​တော့်အမှားပါ...ကျွန်​တော်ဆု​တောင်း​ပေးလိုက်မယ်ခင်ဗျားကျွန်​တော်ခံစားရသလိုဘယ်​တော့မှမခံစားရပါ​စေနဲ့..ကဲလမ်းခွဲပီးကုိယ့်လမ်းကိုယ်သွားကျတာ​ပေါ့..နှုတ်ဆက်ခဲ့ပါတယ်Choi Hyunsuk shi ကျွန်​တော်တို့​ရေစက်ကဒီ​လောက်ပဲပါတယ်ထင်ပါရဲ့"

Sirius's Polaris Where stories live. Discover now