အခန်း(၄၀)

Start from the beginning
                                    

"ဆရာတူအစ်ကို...သေချာတာပေါ့။အစ်ကို ကျွန်တော့်ကို ယုံသင့်တယ်။ဒီလောကကြီးထဲမှာ အစ်ကို့ရဲ့ ယုံကြည်မှုနဲ့ အထိုက်တန်ဆုံး လူသာရှိခဲ့မယ်ဆိုရင် အဲ့တာက ကျွန်တော်ပါပဲ"

ဝမ်ရွှမ်သည် လက်နှစ်ဖက်ကို ဖြည်းဖြည်းချ
င်း ဖြေလျော့၍ အနောက်သို့ ခြေတစ်လှမ်းဆု
တ်ကာ သူ့ကို ကြည့်၏။

အစောပိုင်းတုန်းက ကျန်းရီ၏ သနားစရာကောင်းသော အကြည့်လေးလည်း ပျောက်ကွယ်သွားပြီး ချက်ချင်းဆိုသလို မည်သည့်နေရာမှ ထွက်လာမှန်းမသိသော ယုံကြည်မှုများက အစားထိုးသွားတော့သည်။

"ဟုတ်တယ်မို့လား ဆရာတူအစ်ကို?"

ဤယုံကြည်မှုအရင်းခံသည် လက်တွေ့တွင် တကယ်ကို ရိုးရှင်းလှ၏။ယခင်က ကျန်းရီသ
ည် သူ့အပေါ် ပြောင်းလဲသွားမည့် ဝမ်ရွှမ့် စိတ်
နေသဘောထားကို မသိသေးသည့်အတွက် အလွန်စိုးရိမ်နေခဲ့ရသည်။

ယခုတွင်မူ ဝမ်ရွှမ်က 'ငါမင်းကိုယုံလို့ရသေးရဲ့လား'ဟု အမှန်တကယ် မေးမြန်းလာခဲဲ့ပြီး ထိုမေးခွန်းဟာ ရွဲ့စောင်းလှောင်ပြောင်ခြင်းမျိုး မဟုတ်ဘဲ လွန်စွာ လေးနက်ပြီး ထက်သ
န်သော မေးခွန်းမျိုးဖြစ်လေရာ ထိုမေးခွန်းအ
တွက် အဖြေကလည်း ယုံကြည်မှု အပြည့်ရှိရန် လိုအပ်ပေသည်။

"အစ်ကို ကျွန်တော့်ကို မယုံကြည်ချင်တော့မှာကိုပဲ စိုးရိမ်မိတာပါ"

"ငါကလိုလားတယ်ဆိုရင်ရော?"

ဝမ်ရွှမ်က ခါးသက်သက် ရယ်လျက်။

"ငါ ယုံကြည်ထားတဲ့ လူတွေ အများကြီးရှိခဲ့တယ်...ဒါပေမယ့် အခုလောလောဆယ် ဒီလို အခြေအနေအရတော့ ငါ့ရဲ့ အထင်အမြင်ကို ငါကိုယ်တိုင်တောင် မယုံရဲတော့ဘူး"

"ဒါဆိုရင် အစ်ကို ကျွန်တော့်ကို ယုံသင့်တယ်"

ကျန်းရီသည် သူ၏ နှလုံးသားရှိရာသို့ ဘယ်ဘက်လက်ဖြင့် ထိုးညွှန်ပြ၍

"ကျွန်တော့်ရဲ့ အထင်အမြင်က အစ်ကို့ရဲ့ အ
ထင်အမြင်ထက် အများကြီး ပိုယုံလို့ရတယ်"

သူ့အတွက်တော့ ဤစကားမျိုးကို ပြောနိုင်ရခြင်းမှာ ဖော်ပြရန်ပင် ခက်လှသော အတင့်ရဲမှုမျိုး ရှိနေခြင်းကြောင့်သာဖြစ်သည်။ထိုအ
တင့်ရဲသော စကားများကို ပြောနေစဉ်တွင် ကျန်းရီ၏ အမူအယာမှာ ဘဝနှင့်ရင်း၍ ကျိန်
ဆိုနေသကဲ့သို့ ထူးထူးခြားခြားကို လေးနက်တည်ကြည်နေခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now