အခန်း(၃၁)(Uni+Zaw)

798 82 1
                                    

#Unicode#

၁၉၉၀…..ဆီသို့
••••••••••••••••••
အခန်း(၃၁)

အခုဆိုလျှင်တော့ ဦးသန်းထွဋ် အိမ်လေးဟာ ပုံမှန် ပြန်ဖြစ်လို့သွားပြီဘဲ ဖြစ်သည်။ ဦးသန်းထွဋ်လည်း ကားပြန်ပြေးလေပြီ။ မနက်အစောကြီးထပြီး နယ်ဝေးဈေးသည်တွေအတွက်တောင် ကားပြေးလို့ နေလေပြီ။  ဦးတင်ထွဋ်ကလည်း အကိုဖြစ်သူ ဦးသန်းထွဋ်၏ သူငယ်ချင်း ဆက်စက်ပေးမှုကြောင့် ဂေါက်ကွင်းတွင် ကယ်ရီလုပ်သည့် အလုပ်တစ်ခုကို ရခဲ့ပြီဘဲ ဖြစ်သည်။

နောက်ပြီးတော့ ဒေါ်စန်းရီလည်း အိမ်တွင်နေပြီး မပျင်းရတော့ပေ။ အလုပ် တစ်ခုရခဲ့ပြီဘဲ ဖြစ်သည်။ ထိုအလုပ်ကတော့ ရှေ့ရက်တွေတုန်းက ဦးသန်းထွဋ် အကြံပေးခဲ့သည့် ကွမ်းယာရောင်းဖို့ အလုပ်တစ်ခုပင် ဖြစ်သည်။ အိမ်သားအားလုံး သဘောတူပြီး နောက်နေ့မှာဘဲ ဦးသန်းထွဋ်မှာ စောမင်းထွဋ်နှင့် ဦးတင်ထွဋ်ကို ခေါ်ပြီး ၀ပ်ရှော့ဆိုင်သွားကာဈေးရောင်းခုံလေးကို သွားသယ်ပါတော့သည်။ ဈေးရောင်းခုံလေး ရောက်ပြီးသည်နှင့် ဦးသန်းထွဋ်မှာ အမဖြစ်သူ ဒေါ်စန်းရီကို ဈေးသို့ခေါ်သွားပြီး ကွမ်းပစ္စည်းတွေကို ရှာ၀ယ်လေသည်။ ပြီးနောက် ကွမ်းယာဆိုင်သို့သွားပြီး ဘယ်လိုလုပ်ရသလဲဆိုတာ သွားကြည့်တော့သည်။ အတတ်မြန်တဲ့ ဒေါ်စန်းရီကတော့ ခဏလေးနှင့် ကွမ်းယာတစ်ယာ ဘယ်လိုလုပ်ရတယ်ဆိုတာ သိသွားချေသည်။ ဒါနဲ့ ဆိုင်နာမည်ကို မီးမီးကွမ်းယာဆိုင်ဟု ပေးကာ အိမ်ရှေ့လေးမှာ ဖွင့်တော့သည်။ အိမ်ရှေ့လေးဆိုတော့ သိမ်းရဆည်းရတာလည်း လွယ်ကူသလို၊ ဆိုင်ဖွင့်ရတာလည်း အဆင်ပြေလေသည်။

ဦးသန်းထွဋ်တို့ အိမ်လေးက ပုံမှန် ဖြစ်သွားပေမယ့်လို့ တစ်ချို့သူတွေကတော့ ပုံမှန်မဟုတ်ချေ။ ပုံမှန် မဟုတ်တဲ့သူ စာရင်းတွင် ဖြိုးသီဟ နာမည်ကိုတော့ ထိပ်‌ဆုံးကခေါ်ရပေလိမ့်မည်။ ဘာကြောင့်ဆိုတော့ကာ ဖြိုးသီဟသည် စောမင်းထွဋ်တို့ ဈေးတွင် မယ်ဇလီဖူး မရောင်းတော့သည်ကို သိရှိသွားပြီးနောက် မနက်ခင်းတိုင်း စောမင်းထွဋ်ကို တွေ့ဖို့အတွက် ဦးသန်းထွဋ် အိမ်သို့ မယ်ဇလီဖူး အကြောင်းပြပြီး ရောက်ရောက်လာတော့သည်။ သို့သော်လည်း မယ်ဇလီဖူးပင်က တစ်ပင်သာ ရှိတော့သည်ဆို‌တော့ကာ ဘယ်လိုလုပ်ပြီးတော့ နေ့တိုင်းကြီး အပင်က အသီး သီးမတုန်း။ ခါတိုင်း သုံးပင်ရှိတာကတော့ ထားလေတော့။ ဒါနဲ့ အခု ဒေါ်စန်းရီ ကွမ်းယာဆိုင်ဖွင့်တာနဲ့ ဖြိုးသီဟမှာ အမြဲတမ်း ဖောက်သည်လိုကို ဖြစ်နေတော့သည်။ သူကိုယ်တိုင်က ကွမ်းယာမစားပေမယ့်လို့ စခန်းကသူတွေမှာလို့ ဆိုကာ အစောကြီး ရောက်လာတတ်သည်။ ပြီးရင် ကွမ်းယာမှာပြီး စောမင်းထွဋ်နှင့် အိမ်ထဲမှာ သွားတွေ့‌လေသည်။ မယ်ဇလီဖူးကနေ အဆင့်မြင့်ကာ ကွမ်းယာ ဖြစ်သွားချေပြီ။

၁၉၉၀....ဆီသို့[Complete]Where stories live. Discover now