"ငါ အရမ်းကို စိတ်မရှည်ဖြစ်သွားလို့ပါ မင်းက မင်းရဲ့အသိပညာတွေကို လူတိုင်းကို သင်ပေးရုံပါပဲ"သူအနည်းငယ်ဆန္ဒစောနေမိတာကို တာ့ဝူကလည်းပဲ သိတယ်။

"တာ့ဝူ ပိုင်မုက အခုကျွန်တော့်အိမ်မှာ နေနေတာ ကျွန်တော် သူ့ကိုဂရုစိုက်မှာပါ ဖြစ်နိုင်ရင် မြန်မြန်လေး မျိုးနွယ်စုရဲ့အခြေအနေကို  သူကျွမ်း၀င်အောင်လုပ်ပါစေ ပြီးတော့ သူ အချိန်အတော်ကြာက ဒဏ်ရာရခဲ့သေးတယ် သက်သာရဲ့လားသိရအောင် ခင်ဗျားကူညီပေးပါဦး"ခဲယ်လ်တစ်က နောက်ဆုံးမှာ သူစကားပြောနိုင်မယ့်အခွင့်အရေးကိုမြင်ပြီး လျင်မြန်စွာပြောခဲ့တယ်။

"ပိုင်မုရဲ့ခန္ဓာကိုယ်က အခုအရမ်းကောင်းမွန်ပါတယ်"ကြီးမြတ်တဲ့စုန်းမက အဲ့ဒီနောက်မှာ ပိုင်မုကို ပြောခဲ့တယ်။"ပိုင်မု ခဲယ်လ်တစ်ကို အခုကစပြီး မင်းကိုဂရုစိုက်ခွင့်ပေးလိုက်ပါ သူက ငါတို့ရဲ့မျိုးနွယ်စုမှာ အငယ်ဆုံးစစ်သည်ပဲ"

"ဟုတ်ကဲ့ပါ ကြီးမြတ်တဲ့စုန်းမ"လူအိုကြီးက နှစ်ယောက်သားကို ကြည့်နေခဲ့တယ်။သူ(ပိုင်မု)က ဘုရားသခင်ရဲ့လှပတဲ့တမန်တော်တစ်ယောက်ဖြစ်တာကြောင့် ဘုရားလောင်းအဖြစ် သူ့ကိုယ်သူ၀န်ခံခဲ့တယ်။ဒါပေမယ့် သူ့ကိုပိုပြီး လေးစားလာပြီး သူ့ရဲ့နာမည်ကို အမည်တပ်ပြီးခေါ်ခဲ့ပြီးတော့ သူ(လူအိုကြီး)က စိတ်သက်သာရသွားခဲ့တယ်။ကံအား‌လျော် စွာနဲ့ တစ်နည်းအားဖြင့် အဲ့ဒီနေ့ တကယ်မဖြစ်လာနိုင်တော့ဘူး။

"ကြီးမြတ်တဲ့စုန်းမ ကျွန်တော် ပိုင်မုကို မိသားစုခေါင်းဆောင်ကို နှုတ်ဆက်ဖို့ ပြန်ခေါ်သွားတော့မယ်"ပိုင်မုက နောက်ဆုံးတော့ သူပိုင်ဆိုင်တဲ့အိမ်မှာ အခြေချနေထိုင်တော့မှာကို တွေးပြီး ခဲယ်လ်တစ်က အရမ်းပျော်ရွှင်နေတယ်။

"မဟုတ်ဘူး ငါ သူ့ကို သွားပြောလိုက်မယ် မင်းတို့အရင်ပြန်လိုက်"တာ့ဝူကလည်းပဲ အရမ်းပျော်နေတယ်၊ မျိုးနွယ်စုမှာ မျှော်လင့်ချက်အသစ်ရှိပြီ။

"ဒါဆို အရင်ပြန်ရအောင်"နှစ်ယောက်သား မတ်တပ်ရပ်လိုက်ပြီး ဂူအပြင်ဘက်ကို လမ်းလျှောက်လိုက်ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now