‘ ...’

“အဟမ်း အားလုံးပဲသိကြတဲ့အတိုင်း အခုဒီပွဲကကျွန်မတို့သားငယ်လေးဇံနဲ့ လူကလေး ယာ(အဖျားစွတ်ခေါ်ဆိုခြင်း) တို့ကို လင်မယား အယ်လေ လင်လင်အရာရောက်အောင် လမ်းဖောက်ပေးတဲ့ပွဲလေးပဲဖြစ်ပါတယ်”

ဇာတ်လိုက်မ(male)ရဲ့အမေ၏ စကားကြောင့် ဇာတ်လိုက်မျက်နှာပျက်သွားသည်ကို သျှင်ဦးယာလှမ်းမြင်လိုက်သည်။ ပြီးတော့

‘အာ! ယာ ကဘယ်သူလဲ System?’

[ လူကြီးမင်းလေ ]

‘တကယ့်တောဆန်- အဟမ်း လှပတဲ့နာမည်လေးပဲ’

“အားလုံးပဲ သတောတူကြတယ်မဟုတ်လား? သဘောတူရင် ကျွန်မတို့လူကြီးချင်းတွေပဲ နေ့ရက်ကောင်းလေးကိုရွေးပြီး လက်ထပ်ပေးလိုက်ကြရအောင်”

“...”

သျှင်ဦးယာကတော့ ဇာတ်လိုက်ရှို့ထငြင်းမှာကို ပျော်ရွှင်စွာဖြင့် စောင့်နေလိုက်သည်။

သို့သော်_

ဟ,အချိန်တွေလည်းကြာလာလှပြီ! ဇာတ်လိုက်မ(male)ကဘာလို့မငြင်းသေးတာလဲ?! ဇံ၏အမေရဲ့အမေးကို ပြန်လည်ဖြေဆိုသူလည်းမရှိသလို သဘောတူ/မတူပြောမည့်သူလည်း တစ်ယောက်မှမရှိသောကြောင့် ဧည့်ခန်းကြီးက တစ်စထက်တစ်စပိုမိုတိတ်ဆိတ်လာသည်။

ဇာတ်လိုက်ရော သူ့ရဲ့ပေါင်ပေ့လေးရော တစ်ယောက်မှဝင်မပြောကြဘဲ နှုတ်ခမ်းပါးအစုံကို ခပ်တင်းတင်းစေ့ထားကြသည်။ ခဏနေတော့ ဇာတ်လိုက်ရှို့မှထလာသောကြောင့် သျှင်ဦးယာတစ်ယောက် မျက်လုံးများဘလင်းဘလင်းတောက်လာသည်။ သို့သော်—

“လက်ခံပါတယ်၊ အမေတို့ဘဘောအတိုင်းပါပဲ”

ခွမ်းး

ဘာသံလေးလဲ?
ငါ့ရဲ့ဗီလိန်ပုံရိပ်လေး_
ကျကွဲကာ အက်သွားတဲ့အသံလေးလေ_

လူယုတ်မာလုပ်ဖို့ အားတင်းပြီးလာခဲ့ပေမဲ့ တကယ်လူယုတ်မာဆက်လုပ်ရမယ်ဆိုတော့ ကြေကွဲနေမိပါတယ်။ ဝူးဝူးဝူး TvT

[ စိတ်မပူပါနဲ့ လူကြီးမင်း၊ ဒါကအသက်ဝင်နေတဲ့ ကမ္ဘာတစ်ခုဖြစ်သွားတာကြောင့် မူရင်းဇာတ်ကြောင်းနဲ့အနည်းငယ်ကွဲထွက်နိုင်ပါတယ်။ အရာအားလုံးကို ပုံသေကြီးမသတ်မှတ်ထားပါနဲ့ ]

What The Fucking Hell?!Where stories live. Discover now