".....အားရီ မင်္ဂလာပါ"

ယဲ့ထင်၏ အမေသည် ဟန်လုပ်ကာ တစ်ချက် ရယ်လိုက်ပြီး ခေါင်းညိတ်ကာ

"မင်္ဂလာပါ"

မကြာသေးခင်က ရန်ကျားလိ၏ "ရင်အုပ်ကြွက်သားပေါ် လက်ဝှေ့ထိုးသည့်" အံ့ချီးလောက်သော အပြုအမူသည် သူမအား ကြီးမားလှစွာသော ရိုက်ခတ်မှုကို ခံစားလိုက်ရစေပြီး အနည်းငယ် အသိပြန်မကပ်နိုင်တော့သလို ဖြစ်သွားစေ၏။

သူမ နှစ်ပေါင်းများစွာ ပေါင်းသင်းလာသည့် လူများတွင် အယောက်ချင်းစီတိုင်းမှာ ယဥ်ကျေးရည်မွန်ပြီး အထက်တန်းကျကာ စဥ်းစားဆင်ခြင်တတ်သူများ ဖြစ်သည်။ နေရာတိုင်းတွင်လည်း အထက်တန်းစား ဟန်ပန်တို့သာ နေရာယူထားလို့နေ၏။

ရန်ကျားလိကဲ့သို သူများအင်္ကျီကို ချွတ်ပြီး လက်ဝှေ့ထိုးနေသူကတော့.....ပထမဆုံး တွေ့ဆုံဖူးတာပင်။

ယဲ့ထင်မေမေ၏ မျက်နှာသည် အနည်းငယ် နက်နဲသွားပြီး လှေကားပေါ်မှ ဆင်းလာကာ စကားတော့ ထပ်မဆိုတော့ချေ။

ညစာစားချိန် ရောက်သောအခါ ယဲ့မိသားစုသည် ထမင်းစားပွဲ ဘေးထိုင်ကာ ငြိမ်ငြိမ်ဆိတ်ဆိတ်နှင့် သုံးဆောင်နေကြပြီး ပန်းကန်ခွက်ယောက်များ၏ မဆိုစလောက် မြည်ဟီးသံကိုသာ ကြားနိုင်သည်။ မည်သူမှ စကားမပြောကြ၍ လေထုမှာ အနည်းငယ်တော့ တည်တံ့ တိတ်ဆိတ်နေ၏။ ရန်ကျားလိသည်လည်း ထိုအထဲ ထိုင်နေပြီး အထူးသဖြင့် ကသိကအောက်နှင့် နေရခက်နေ၏။

ယဲ့ထင်၏ မေမေသည် တစ်ဖက်က စားနေရင်း တစ်ဖက်က ရန်ကျားလိ၏ အပြုအမူတိုင်းကို လိုက်ကြည့်နေသည်။

သူမသည် ရန်ကျားလိ၏ လက်ဖဝါးက ပန်းကန်လုံးကို ပင့်ပြီး တူကို အသုံးပြုလျက် ပါးစပ်ထဲ ထမင်းများကို သွတ်သွင်းလိုက်သည်ကို မြင်သောအခါ သူမသည် တိတ်တဆိတ်နှင့် မျက်မှောင်ကြုတ်သွားလေ၏။

ညစာစားခြင်းအမှု ပြီးဆုံးသွားသောအခါ အဘိုးယဲ့နှင့် ယဲ့ထင်ဖေဖေသည် စာကြည့်ခန်းကို သွားလိုက်ကြပြီး ယဲ့ထင်မေမေကတော့ လက်သွားဆေးသည်။

ရန်ကျားလိသည် ယဲ့ထင်၏ အင်္ကျီလက်ကို တိတ်တိတ်ကလေး ဆွဲလိုက်ကာ ဖိနှိပ်ထားသော လေသံနှင့် ပြောလာသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now