တံခါးဖွင့်သံ ကြားသောအခါ ယဲ့ထင်သည် ခေါင်းမော့လာပြီး ပြုံးသွားကာ

"ပြန်လာပြီလား"

ရန်ကျားလိသည် ဖိနပ်ကို လွှင့်ပစ်လိုက်ပြီး ယဲ့ထင်ရှေ့ လျှောက်သွားကာ မည်သည့်စကားမှလည်း မဆိုဘဲ အလိုအလျောက် ယဲ့ထင် ခြေထောက်ပေါ် တက်ထိုင်လိုက်သည်။

ယဲ့ထင်သည် အခွင့်အရေးကို ကောင်းကောင်း အသုံးချလျက် သူ့ကို ရင်ခွင်ထဲ ဆွဲထည့်ပြီး တင်းတင်းကျပ်ကျပ် ဖက်လိုက်ကာ နားရွက်နားတွင် နွေးနွေးထွေးထွေး မေးလာသည်။

"ဘာဖြစ်တာလဲ ဒါက။ ပုံမှန်ဆို ဒီလောက် မတက်ကြွပါဘူး။ စိတ်အခြေအနေ မကောင်းဘူးလား"

ရန်ကျားလိက ပြောသည်။

"မင်းပြောသွားတဲ့အတိုင်း ကွက်တိပဲ"

"လီတာ့လီအော့၊ လီအော့က ကိစ္စမရှိဘူး။ ဒါပေမဲ့ လီတာ့ကတော့ ဝမ်ယန်ကို ဘယ်လိုမှ လက်မခံဘူး၊ ငြင်းလိုက်တယ်"

ယဲ့ထင်သည် အစီရင်ခံစာကို ချလိုက်ပြီး ပြုံးကာနှင့်

"အားလုံးမင်းကို ပြောပြီးပြီပဲ။ ဒီကိစ္စက ဒီလောက် မလွယ်ပါဘူးလို့။ မင်းထပ်ပြီး စမ်းကြည့်ချင်သေးလား"

ရန်ကျားလိသည် မျက်မှောင်ကြုတ်သွားပြီး အတော်ကြာမှ သက်ပြင်းချလာကာ

"နောက်မှ ပြောကြတာပေါ့"

သူသည် ဆံပင်များကို ဆုပ်ကိုင်မိသည်။ စိတ်ထဲ မကြည်မသာ ဖြစ်နေမှုတို့က ပိတ်ဆို့နေဆဲပင်။ ရိုးရိုးတန်းတန်း ကိုယ်ကိုလှည့်လာသောအခါ မျက်စိရှေ့ ယဲ့ထင်၏ ဆိုးရွားစွာ ပြောင်မြောက်နေသော ပုံစံကိုမြင်လိုက်သည်နှင့် မျက်လုံးက ကျဥ်းမြောင်းသွားကာ သရော်ပြုံး ပြုံးလိုက်ပြီး

"မင်းရဲ့ရင်အုပ် ခဏဌား"

ယဲ့ထင် မတုံပြန်နိုင်သေးခင်မှာပဲ ရန်ကျားလိက တဟီးဟီးရယ်ရင်း သူ့ရှပ်အင်္ကျီမှ ကြယ်သီးလေးငါးလုံး ဖြုတ်လိုက်သည်။

ယဲ့ထင်၏ တောင့်တင်းသန်မာသော ရင်အုပ်ကြွက်သားများကို မြင်သောအခါ ရန်ကျားလိ၏ မျက်လုံးသည် တဖိတ်ဖိတ် တောက်ပလာပြီး လက်သီးဆုပ်သဏ္ဍာန် ဝိုင်းလိုက်ကာ ယဲ့ထင်၏ ရင်အုပ်ကြွက်သားပေါ် တဘုန်းဘုန်းနှင့် တိုက်လေအတိုင်း သိုးလက်သီးများဖြင့် မြန်မြန်ဆန်ဆန် ထိုးနေတော့သည်။ အပြုအမူများသည်ကား အလွန်ကို ရင်းနှီးနေ၏။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now