147

7.7K 1.2K 120
                                    

{Unicode}

"တွဲဖက်ညီသော အရာ"

ယဲ့ထင်၏ အမေသည် တစ်အောင့်လောက် ကြောင်အသွားမှန်း သိသာသည်။

ယဲ့ထင်က ရုတ်တရက်ကြီး သူမအား ထိုကဲ့သို့ တစ်လုံးချင်း တစ်ဖြတ်ချင်း စကားပြောလာမည်ဟု တွေးမထားမိပုံပေါ်သည်။

ယဲ့ထင်သည် စကားထပ်မပြောတော့ဘဲ တိတ်တဆိတ် ကားပေါ်မှ ဆင်းလိုက်သည်။ သူ့အမေ၏ ကားတံခါးနား ရောက်သွားသောအခါ ကားတံခါးကို ဖွင့်လိုက်ပြီး ခေါင်းညိတ်ပြလျက် လေသံက နွေးထွေးနေသော်လည်း အကြောင်းမရှိ စိမ်းကားနေသလိုလည်း ဖြစ်နေပြန်ကာ

".....မား၊ ကားပေါ်က ဆင်းသင့်ပြီ"

ယဲ့ထင်အမေက လက်ကောက်ဝတ်မှ အစိမ်းရောင် လက်ကောက်ကို ပွတ်လိုက်ပြီး အကြည့်များက အနည်းငယ် ပြောင်းလဲသွားသည်။

ယဲ့ထင်၏ အမေသည် စံအိမ်ထဲသို့ ဝင်လိုက်သည့်အခါ နေရာတိုင်းကို ပိတ်ကွယ်ထားသော သိုးသိုးသိုးများကို မြင်ပြီးနောက် နှုတ်ခမ်းပေါ်တွင် ချိတ်ဆွဲထားသော ဟက်ဟက်ပက်ပက် မရှိသည့် ကြော့ရှင်းသော အပြုံးသည်ပင် တောင့်ခဲသွားရသည်။

သူမသည် တောင့်တောင့်တင်းတင်းနှင့် ခေါင်းလှည့်လာပြီး ယဲ့ထင်ကို မေးသည်။

"နာမည်မရှိတဲ့ အဆိုတော် တစ်ယောက်၊ အတွင်းရေးမှူးကိုတောင် သူ့ရဲ့အကြောင်းတွေ ရှာခိုင်းထားသေးတယ်။ အဲ့လောက်ကြီးလည်း မဖမ်းစားနိုင်ဘူး၊ အများကြီးလည်း မထူးချွန်တာကို မင်းက အဲ့အဆင့်လောက်ကို မွှန်နေတာလား"

ယဲ့ထင်သည် ကြမ်းပြင်ပေါ် ကျနေသည့် သိုးရုပ်ကို ကောက်လိုက်ပြီး ဆိုဖာပေါ်တွင် တင်လိုက်ပြီးမှ ပြုံးကာပြောလာသည်။

"ဟုတ်တယ်"

ယဲ့ထင်၏ အမေက တိတ်ဆိတ်သွားပြီး အတန်ကြာမှ ကိုယ်ကိုလှည့်ကာ အပေါ်ထပ် တက်သွားသည်။

ညနေ ငါးနာရီ ကျော်သောအခါ ရန်ကျားလိသည် ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်ကို ဆွဲရင်း အိမ်ပြန်လာသည်။

အိမ်တံခါးကို တွန်းဖွင့်လိုက်သည့်အခါ ယဲ့ထင်သည် ဆိုဖာပေါ်ထိုင်ကာ ကော်ဖီသောက်နေပြီး အနောက်တိုင်း ဝတ်စုံဘောင်းဘီက ရှည်သွယ်သည့် ခြေထောက်နှစ်ချောင်းပေါ် ကပ်နေကာ ကျစ်လျစ်သည့် ခန္ဓာကိုယ်ထက် အနက်ရင့်ရောင် ရှပ်အင်္ကျီက ရစ်ပတ်ထားပြီး အနည်းငယ် ဖုဖောင်းထွက်နေသည်။ နှာတံထက်တွင်လည်း သတ္တုအနားသတ် ပါးလွှာသော မျက်မှန်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် စာရွက်စာတမ်းများ ကိုင်ထားကာ သိုးရေခြုံထားသော ဝံပုလွေကဲ့သို့ အနံ့အသက်မျိုး အနည်းငယ် ရရှိနေသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now