Castle in the air 6

Start from the beginning
                                    

အေးသား

"အကို ရပါပြီရှင့်"

ဝန်ထမ်းကောင်မလေးက ပါဆယ်လေး လာပေးတော့မှ အတွေးတွေ မေ့ရ၏။

"သြော် ဟုတ်ကဲ့ "

ဂျီမင် ထယ်ယောင်း အိမ် အရင်မသွားသေးဘဲ ဖုန်းဆိုင် ဝင်မိ၏။

"ဘယ်လိုလို့လဲအကို"

"Ipad morden နောက်ဆုံးထွက်တာ orderတင်ချင်လို့ "

"ဟုတ်ကဲ့ ဒီကို နောက်လ ထဲရောက်ပါ့မယ် formဖြည့်ပေးပြီး ဘောင်ချာဖြတ်သွားလို့ ရပါတယ်ရှင့်"

ဂျီမင် ခုံလေးတွင်ထိုင်ကာ formဖြည့်နေမိ၏။

အမည်နေရာမှာ Kim Taehyung
လိပ်စာနေရာနဲ့ ဖုန်းနံပါတ်နေရာမှာလည်း ထယ်ယောင်းအိမ်လိပ်စာနဲ့ ဖုန်းနံပါတ်

"ပိုက်ဆံက ၂၈သိန်း ၃သောင်းကျပါမယ်ရှင့် ၂၀အရင်ချေရပါမယ်ရှင့် ပစ္စည်းရောက်မှ ကျန်တာချေလည်း ရပါတယ်ရှင့်"

"အကုန်အပြတ်ချေထားလိုက်မယ်ဗျ"

"ဟုတ်ကဲ့"

"Cardနဲ့ ရှင်းမယ်ရလား cash နဲ့ကျ ပိုက်ဆံမပြည့်လို့"

"ရပါတယ် ရှင့်"

ဘောင်ချာ ဖြတ်ပြီး ထယ်ယောင်း အိမ် ကားလေး မောင်းနှင်လာခဲ့၏။

"အန်တီ"
ခြံထဲမှာ ဒီည မိသားစု ပါတီ လုပ်နေကြပုံမို့ ဂျီမင် နဲနဲတော့ ကိုယ်ရှိန်သတ်မိ၏။

ကားပေါ်က ဆင်းဆင်းချင်း ထယ်ယောင်းဆီ ပြေးသွားချင်ပေမယ့်

ထယ်ယောင်းဘေးမှာ jkရှိနေသည် Jkက ထယ်ယောင်း အား ကြည့်ကာ ပြုံးလို့ရွှင်လို့

"ကိုကို က ကလေးလား "

ထယ်ယောင်း စားပွဲပေါ်က မုန့်တွေ စားရင်း ကိတိမုန့်တွေ ခြေနေတော့ JKအူယားနေ၏။

"ငါ့မင်းထက်အကြီးနော် ကူးငယ် "

"သိပါတယ် ကိုကိုကလည်း "

ထယ်ယောင်း အမေကတော့ Jiminကို ဧည့်ခံနေလေရဲ့

"သား ထယ့်ဆီ လာတာလား သူ သားကိုစိတ်ဆိုးနေတုန်းဘဲ"

"ဟုတ်ကဲ့ ပါတီ လုပ်တာလား အန်တီ"

"ထယ့်အဖေ နိုင်ငံခြား ပြန်လာလို့ ဒီနေ့ မိသားစု ပါတီ လေး  လုပ်တာ Jkလေးတို့အိမ်ရယ် အန်တီတို့အိမ်ရဲ့ နှစ်အိမ်ပေါင်း မိသားစု ညစာလေး "

Castle in the airWhere stories live. Discover now