အခန်း(၃၉)(၁)

Start from the beginning
                                    

ဤအခန်းအတွင်းရှိ သစ်သားရုပ်တုနှင့် သဏ္ဍာန်တူသော ကျို့ဖုန်းမြို့မှ အိမ်တိုင်းတွင်ရှိသည့် အခြားရုပ်တုများတွင်လည်း ကျယ်
လောင်သော အသံကြီးက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လူခပ်သိမ်းတို့သည် အိပ်မက်မက်နေရာမှ လန့်နိုးလာကြပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ သူတို့၏ အိမ်ထဲမှ ကြမ္မာနတ်ရုပ်တုသည် အ
စိတ်အစိတ်အမွှာမွှာ ဖြစ်နေကြောင်းကို တွေ့လိုက်ရ၏။ချင်ချင်းဆိုသလို သူတို့အားလုံး ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြလေသည်။

"အောင်မြင်တယ်"

ကျန်းရီသည် စိတ်သက်သာရာရစွာဖြင့် လေပူတစ်ချက် မှုတ်ထုတ်ပြီးမှ နှဖူးပေါ်ရှိ ချွေး
စေးများကို သုတ်လိုက်၏။

ဤသည်မှာ ယခုလောက်အထိ ဝမ်ရွှမ်မဆင်မခြင်ပြုမူခြင်းကို သူ့အနေနှင့် ပထမဆုံးအ
ကြိမ်ဖြစ် မြင်ဖူးခြင်းဖြစ်လေရာ စိုးရိမ်ကြော
က်ရွံ့မှုကြောင့် သူ့အသက်တစ်ဝက်လောက်ပ
င် ကြွေကျသွားလုနီးပါး။

ကောင်းသောအရာသည်ကား အဆုံးတွင် သူတို့အောင်မြင်ခဲ့၏။

အောင်မြင်ခြင်းသည်လည်း ကောင်းပါပေ
၏။

ကျန်းရီသည် ခန္ဓာကိုယ်အတွင်းရှိ ဖရိုဖရဲဖြစ်နေသော ဝိဥာဥ်စွမ်းအင်များကို တည်ငြိမ်အောင် ထိန်းညှိပြီးမှ ဒဏ်ရာများလည်း ဖြ
ည်းဖြည်းချင်း သက်သာလာခဲ့သည်။

"ဆရာတူအစ်ကို ! အစ်ကိုဘာလို့ဒီလောက်အထိအရမ်း...."

မကျေမနပ်ညီးတွားရန် ခေါင်းကိုလှည့်လိုက်ရာ သူ့မျက်စိရှေ့၌ မြင်လိုက်ရသော မြင်ကွင်းက သူ့ကို ဝိဥာဥ်လွင့်စင်လုမတတ် ခြောက်ခြားသွားစေသည်။

ဝမ်ရွှမ်သည် မတ်တပ်ရပ်ရန်ပင် ခွန်အားမကျ
န်တော့ဘဲ နံရံကိုသာ လုံးလုံးလျားလျား မှီခိုနေရသည်။သူ့ခန္ဓာကိုယ် တစ်ခုလုံးဟာ သွေးများ ကုန်ခမ်းသွားသည့်နှယ် ဖြူဖျော့နေလေသည်။

သူ့ပါးစပ်ထောင့်မှ သွေးများ အဆက်မပြတ် စီးကျလျက် နှုတ်ခမ်းများကို ကျေးသွေးရော
င် တောက်တောက် ခြယ်သထားသည့်နှယ်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now