အခန်း(၃၉)(၁)

Start from the beginning
                                    

ကျန်းရီက ထိုအကြံအစည်ကို သဘောပေါက်ခဲ့သည်။

ဘာ်လိုလုပ်သူခွင့်ပြုပေးနိုင်ပါ့မလဲ?

တံခါးကို ချိုးဖျက်၍ နတ်ဆိုးထွက်ပြေးခါနီးတွင် ကျန်းရီသည် သူ့လက်ထဲမှ ကလေးငယ်ကို ကြမ်းပြင်ပေါ်သို့ ပြောင်းရွှေ့ပြီးမှ ဓားပျံပေါ် ခုန်တက်ကာ ထွက်ပေါက်ကို ခိုင်ခိုင်မာမာ တားဆီးလိုက်လေသည်။

နတ်ဆိုးသည် ကျန်းရီ၏ ဓားပျံနှင့် ရိုက်မိပြီး နှောင့်နှေးသွားရသည်။

ယွမ်စုစည်းခြင်းအဆင့် စွမ်းအားနှင့် တိုက်ခို
က်ခံလိုက်ရခြင်းကြောင့် ကျန်းရီ၏ ဝိဥာဥ်စွ
မ်းအင်များသည်လည်း တက်လိုက်၊ကျလိုက်ဖြင့် ကြယ်တွေလတွေ မြင်လိုက်ရသည်အထိ မျက်လုံးများပါ လည်ထွက်သွားတော့သည်။

သတ္တုအရသာမျိုးကို ခံစားမိပြီးနောက် ကျန်းရီသည် ငန်ကျိကျိသွေးတစ်ပွက်ကို ချက်ချင်း အန်ထုတ်လာခဲ့သည်။

ထိုအချိန်တွင် ဝမ်ရွှမ့်ဓားက ဖမ်းမိသွားလေ
သည်။ဓားပျံရှေ့ပြေးနိမိတ်သည် ဝမ်ရွှမ့်ကိုယ်ပေါ်မှပြင်းထန်သော အထွဋ်အထိပ် စွမ်းအားများကို သယ်ဆောင်လျက် နတ်ဆိုး၏ ကိုယ်ပေါ်သို့ လျှပ်စီးနှင့် မိုးကြိုးသွားများကဲ့သို့ အ
ညှာအတာမဲ့စွာ ကျရောက်သွားခဲ့သည်။

နတ်ဆိုးသည် နောက်ဆုံးတစ်ကြိမ်အဖြစ် အ
လွန်ကြောက်မက်ဖွယ်ကောင်းစွာ အော်ဟစ်လာလေသည်။ကျယ်လောင်လွန်းလှသည့်အ
တွက် လူတိုင်း၏ နားစည်များကို ထုံကျင်သွားစေလုမတတ်။

"အောင်မြင်သွားလား?"

ပါးစပ်၌ သွေးများစွန်းပေလျက် ကျန်းရီက စိုးရိမ်တကြီး မေးမြန်းလာလေသည်။

ဤစကားဆုံးသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးကြီးသည် ခေါင်းအစ၊ခြေအဆုံး တစ်လွှာချ
င်းစီ ကွဲထွက်သွားတော့သည်။ကျိုးပဲ့နေသော အပိုင်းအစများသည် အနက်ရောင် နတ်ဆိုးအငွေ့အသက်များအဖြစ် ပြောင်းလဲသွားပြီး လေထုထဲသို့ လွင့်စင်ပျောက်ကွယ်သွားခဲ့သ
ည်။

လွန်ခဲ့သော အချိန်အတွင်းက ထက်ပိုင်းခုတ်
ဖြတ်ခဲ့သော သစ်သားရုပ်တုသည်လည်း တစ်ချိန်တည်းတွင် တူညီသော အသံကြီး ထွက်လာလျက် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now