အခန်း(၃၉)(၁)

Start from the beginning
                                    

ဤမျှော်လင့်မထားသော လှည့်ကွက်ကြောင့် နတ်ဆိုး၏ စွမ်းအားသည် 70ရာခိုင်နှုန်းအထိ ချက်ချင်းကျဆင်းသွားပြီး လျှပ်တစ်ပြက်အ
တွင်းမှာပင် ပြန်လည်တိုက်ခိုက်ရန် မစွမ်းသာတော့။

"ဘယ်ဂိုဏ်းကလဲ..."

ဤသို့ သူကိုယ်တိုင် မှန်းဆနေရင်းဖြင့် အထိ
တ်တလန့် ယိမ်းထိုးလျက်ရှိသည်။တစ်ဝက်
တစ်ပျက်မှာပင် ဝမ်ရွှမ့်အနောက်၌ ရပ်နေသော ကျန်းရီကို တွေ့လိုက်ရသည့် တမဟုတ်ချင်းတွင် မှတ်မိသွားခဲ့သည်။ထို့နောက် အတွ
င်းစိတ်၌ အံ့သြတုန်လှုပ်မှုကိုပါ တစ်ဆက်တ
ည်း ခံစားလိုက်ရသည်။

ကျန်းရီ၏ ကိုယ်ပေါ်တွင် ကျောက်ဖေးယွီ စီမံပေးခဲ့သော နတ်ဆိုးစွမ်းအင်များမှာ အချိန်အ
တန်ကြာအောင် ပျောက်ပျယ်သွားခဲ့ပြီးဖြစ်သ
ည်။သိသာသည်မှာ ထိုလူသည် လျှို့ဝှက်ဆ
န်းကြယ် ဂိုဏ်းခုနစ်သွယ်ထဲမှ ဖြောင့်မတ်သော ကျင့်ကြံသူတစ်ဦး ဖြစ်ပေမည်။

ဤအချက်ကို တွေးရင်း ထိုနတ်ဆိုး ထိတ်လန့်နေစဥ်တွင် ဝမ်ရွှမ်သည် ယွမ်စုစည်းအဆင့်
၏ စွမ်းအားများကို အပြည့်အဝ အသုံးချလျ
က် ဓားကို တစ်ဖန် လွှဲခုတ်လိုက်ပြန်သည်။ထိုနတ်ဆိုး၏ နောက်ကျောမှ အတောင်ပံတစ်ဝ
က်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ဤအခြေအနေမျိုးတွင် နတ်ဆိုးသည်'ငါတော့ထောင်ချောက်မိသွားပြီ'ဟု ချက်ချင်းတွေးမိသည့်အတွက် ပြန်လည်တိုက်ခိုက်လိုစိ
တ်လည်း ပျောက်ဆုံးသွားပြီး ကျန်ရှိနေသေးသော အတောင်ပံကို သုံးကာ တံခါးကို ချိုးဖျ
က်၍ ထွက်ပြေးရန် ဆုံးဖြတ်လိုက်၏။

အခန်းထဲရှိ သစ်သားရုပ်တုဟာ ပျက်စီးနေပြီဖြစ်ပြီး ၎င်း၏ နတ်ဆိုးစွမ်းအင်များကလည်း ပျောက်ကွယ်သွားချေပြီ။သို့ရာတွင် ကျို့ဖုန်းမြို့အတွင်း၌ ၎င်းနှင့် ဆင်တူသော သစ်သားရုပ်တုပေါင်းများစွာ ရှိသေး၏။ထို့ကြောင့် တ
စ်ခုကို ရှာနိုင်သရွေ့တော့ အလွယ်တကူ ထွ
က်ပြေးလွတ်မြောက်နိုင်မည်သာဖြစ်သည်။

ဤနေရာတွင် ကြုံတွေ့ခဲ့ရသော မတရားမှုကို
တော့ဖြင့် သူ၏စွမ်းအား ပြန်ပြည့်လာသည်နှင့် အချိန်မရွေး သွေးကြွေးပြန်ဆပ်ခိုင်းနိုင်သ
ည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now