"ညီလေး..."

ရုတ်တရက် အနောက်မှနေ၍ ပခုံးကိုပုတ်ကာ ပြောလာသောအသံကြောင့် ရှင်းခန့်ဆတ်ကနဲတုန်သွားရသည်။သူ့ကိုသိနေတဲ့သူများလား...။အတွေးနှင့်အတူ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့ အရင်တုန်းက ကိုကို့လက်ထောက် ယောက်ျားသူနာပြု ကိုစိုးနိုင်အား တွေ့လိုက်ရသည်။ကိုစိုးနိုင်ကလည်း လှည့်လာသော ရှင်းခန့်၏ မျက်နှာအားတွေ့တော့ မျက်ဝန်းတို့ထဲ ဇဝေဇဝါအရိပ်တို့ ဖြတ်ပြေးသွားပြီးမှ....

"တွန်းလှည်းလေးယူမလို့ တချက်လောက် ညီလေး..."

"​အာ...ဟုတ်ကဲ့ ဟုတ်ကဲ့.."

ရှင်းခန့် ပြောရင်းဖြင့် အလျှင်အမြန်နေရာဖယ်ပေးလိုက်သည်။ကိုစိုးနိုင်က တွန်းလှည်းအား ဆွဲထုတ်ကာ ရှင်းခန့်အား ဇဝေဇဝါဖြင့် တချက်ကြည့်ပြီးမှ ခပ်သွက်သွက်ထွက်သွား၏။ကိုစိုးနိုင် သူ့ကိုမမှတ်မိဘူးဆိုတာ သေချာသွားတော့မှ သက်ပြင်းအားချမိတော့သည်။ဟိုတုန်းက ကိုကို့ဆီကိုလိုက်လာတက်ပေမဲ့ မုန့်လေးဘာလေးလာပို့ပြီးတာနှင့် ပြန်တာပဲဖြစ်သည်။ဆေးရုံထဲက လူတွေနှင့်မျက်မှန်းတန်းမိနေသော်ငြား သေချာရင်းနှီးတာမျိုးလည်း မဟုတ်ပြန်။ထို့ကြောင့် ခုနစ်နှစ်လောက်ကြာပြီးမှ ဒီလူတွေသူ့ကို ရုတ်တရက် မမှတ်မိကြတာလည်း ဖြစ်နိုင်လေသည်။သူကသာ အတိတ်ကအမှားတွေကြောင့် စိတ်မလုံခြုံဖြစ်နေရတာ ဖြစ်လေသည်။

ရှင်းခန့် နဖူး၌စို့သော ချွေးစများအား တို့သုတ်လိုက်ပြီးမှ မျက်နှာအမူအယာအား သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်၍ ခြေလှမ်းတို့အား ခပ်သွက်သွက်လှမ်းခဲ့လိုက်သည်။ဆေးရုံထဲလျှောက်ဝင်ခဲ့ရင်းဖြင့် ဖိုင်တွဲလေးပိုက်ကာ လမ်းလျှောက်လာသော သူနာပြုဆရာမလေးအား မျက်နှာချင်းဆိုင် တွေ့လိုက်ရတာမို့...

"ဆရာမ..."

ရှင်းခန့်ခေါ်လိုက်တော့ သူနာပြုဆရာမလေးက ခြေလှမ်းတုံ့သွားကာဖြင့်....

"ဟုတ်ကဲ့ ဘာများကူညီပေးရမလဲရှင့်.."

"ကျောက်ကပ်ဌာနက ဘယ်နားမှာလဲဗျ..."

ချောမောနုနယ်တဲ့ မျက်နှာထားလေးနှင့် ယဉ်ကျေးရည်မွန်သောဟန်ပန် နူးညံ့ငြင်သာသော စကားသံတို့ကြောင့် သူနာပြုဆရာမလေး ရှိုးတို့ရှန်းတန်း ဖြစ်သွားရပြီးမှ...

Wild  Rose(complete)Where stories live. Discover now