ပြပွဲလာ မိန်းက​လေးတစ်ချို့ကဆို ပြပွဲရှိ ပန်းချီကားချပ်တို့ကိုကြည့်ရှုဖို့ထက်
နာမည်​ကျော်ကြားလှ​သော Kim Taehyungဆို​သော လူသား​လေးကို အပီအပြင်ရှိုးဖို့ လာကြသည့်ပုံ...။

မိန်းက​လေးအများစုရဲ့ မျက်ဝန်းတို့သည် Taehyungသွားရာ​နောက် ထပ်ကြပ်မကွာ လိုက်ပါသွားတတ်ကြသည်။
ဤသည်ကို သတိပြုမိသည့် Hoseokက Jiminအား ​ပြောလာခဲ့သည်။

"Kim Taehyungတို့များ ​အောင်မြင်​ကျော်ကြားချက်က​တော့ လက်ဖျားခါတယ်"

"ဘာလို့လဲ"

"ဟိုမှာကြည့်​လေ...ပွဲထဲမှာရှိတဲ့ မိန်းက​လေးအားလုံးရဲ့ အကြည့်ကို သူပဲသိမ်းပိုက်ထားတာ"

"အားကျ​နေတာလား Wuri Sunshine​လေးက"

Jiminစလိုက်​တော့ ချက်ချင်းငြင်းဆိုလာခဲ့သည်။

"ဘယ်ကလာ ...ငါသာ အဲ့လိုဆို ​နေတတ်မှာမဟုတ်ဘူး"

ဒါကျ Jiminနဲ့ Hoseokက သွားတူပြန်သည်။ နှစ်​ယောက်လုံးက ​အေး​အေး​ဆေး​ဆေးပဲ ​နေချင်ကြသည်။ လူအများရဲ့ အာရုံစိုက်ခြင်းခံရတာ မကြိုက်ကြ​ပေ။

"အဲဒါ​တော့အမှန်ပဲ ငါလည်း မ​နေတတ်ဘူး"

ဝိုင်​ခွက်​လေး ကိုယ်စီကိုင်ကာ ချစ်လှစွာ​သောသူငယ်ချင်း​လေး၏ လက်ရာ​မြောက်​သော ပန်းချီကားများကို လိုက်လံကြည့်ရှူ​နေသည်။ ပန်းချီကား​တွေအ​ကြောင်း ​သေချာနားလည်တာ မဟုတ်​သော်လည်း ဆွဲထားသည့် အနုစိတ်လှ​သော ပုံ​ဖော်မှုများကို သ​ဘောကျမိပါသည်။
Kim Taehyungဆိုတဲ့လူသား​လေးဟာ ပန်းချီ​တွေကို အနုစိတ် ​သေချာပုံ​ဖော်ဖန်တီးတတ်သလို
သူကိုယ်တိုင်ကလည်း ဆု​တောင်း​ကောင်းခဲ့သလားမသိ...
အလှနတ်ဘုရားကိုယ်တိုင် ​သေချာထုဆစ်ပုံ​ဖော်​ပေးထားသည့် လူသား​လေးနှယ် ​ချော​မောလွန်းလှပါ၏။

"Sorry ဟိုဘက်မှာလူနည်းနည်းကျ​နေလို့"

"ရပါတယ်ကွာ ​ပြောစရာလူ​တွေလား"

"​အေး​လေ..ငါတို့က ကိစ္စမရှိဘူး"

"ဟုတ်ပါပြီ ဘယ်လိုလဲ အကြိုက်​တွေ့ရဲ့လား"

"အင်း ​သေချာနားမလည်​ပေမယ့်လည်း အားလုံးနီးပါးကြိုက်တယ်"

Forget Me NotWhere stories live. Discover now