"သူရောက်နေပြီပဲ.."

ခြေလှမ်းသွက်သွက်တို့ဖြင့်လျှောက်ကာသွားတော့ မြစ်ပြင်အားငေးမောနေသည့်အမျိုးသမီးအားရှင်းရှင်းလင်းလင်းမြင်ရသည်။အနီရောင်ချည်ထည်ဝမ်းဆက်ကလေးအားဝတ်ဆင်ထားပြီး သူမရဲ့ ဆံနွယ်အရှည်တို့မှာ ဖြန့်ချထားတာကြောင့် လေတွင်ဝဲလွင့်နေတော့သည်။နားတွင်လည်း ထူးဆန်းစွာ နှင်းဆီနီနီတစ်ပွင့်အားပန်ထားသေးတာကြောင့် ဝသုန့်မှာ အံ့သြမှင်သက်နေမိတော့သည်။ဘေးတိုက်မြင်ရသည့်မျက်နှာကလေးနှင့်အတူညှပ်ပန်ထားသည့်နှင်းဆီနီတစ်ပွင့်၊လေယူရာယိမ်းနေသည့်ဆံနွယ်တို့နဲ့အမျိုးသမီးကြောင့် ညနေခင်းအချိန်ဟာပိုရျ်ပင်လှပနေတော့သည်။လမ်းတွင်ကြားခဲ့ရသည့် ဦးခင်မောင်တိုးရဲ့ "တစ်နေ့နေ့တော့ချစ်ရျ်လာလိမ့်မည်"ဆိုသည့်သီချင်းအားသတိတရပြန်ကြားယောင်မိတော့ နှုတ်ခမ်းပါးထက်တွင်အပြုံးတစ်ပွင့်လှစ်ကနဲပေါ်သွားတော့သည်။

"မမနီ..."
အရဲစွန့်ကာခေါ်လိုက်တော့ ဝသုန့်ဘက်သို့လှည့်ကြည့်ကာ ထရပ်ပြီးပြုံးပြလေသည်။
"နွေ..လာလေ..တို့ကစောထွက်လာလိုက်တာ"
"ဟုတ်ကဲ့..ကျွန်မ..အဲလေ..ဝသုန်ကနောက်ကျသွားတယ်ထင်နေတာ"

သူမညွှန်ပြရာ ကျောက်တုံးပေါ်တွင်ဝင်ထိုင်လိုက်တော့ သူမကပါဘေးမှာပြန်ထိုင်လေသည်။

"မမနီ..ဝသုန့်ကိုဘာလို့ချိန်းတာလဲ"

ဟုတ်သားပဲ။မမနီကဝသုန့်ကိုဘာလို့ချိန်းတာလဲ။စာအားမြင်ပြီးအပြေးအလွှားလုပ်မိတာ ဒါကိုမစဥ်းစားမိခဲ့။

"နွေ BEd တက်ရမယ်ဆို"
"ဟုတ်တယ်မမနီ..နွေ BEd ပါတယ်တဲ့ မနေ့ကမှအောင်စာရင်းထွက်လို့သိတာ"
"အင်း..သွားရဖို့ရက်ပိုင်းပဲလိုတော့တယ်မလား"
"ဟုတ်တယ်..နောက်နှစ်ရက်လောက်နေရင်သွားမှာ"
"သုံးနှစ်ပြီးမှပြန်တွေ့ကြတာပေါ့"
"ဟင်..ဘာကိုပြောတာလဲဟင်"
"တို့တွေသုံးနှစ်ပြီးမှဒီနေရာမှာပြန်တွေ့ကြရအောင်လို့..နွေလည်းသေချာအချိန်ယူပြီးတွေးနိုင်အောင်။ပြီးတော့တို့လည်းပြန်စဥ်းစားရအုံးမယ် နွေ့ကိုနွေပြောသလိုကစားနေတာလားဆိုတာ"

သုံးနှစ်ပြီးမှတဲ့လား။မမနီက တစ်ဖက်သတ်ဆန်လိုက်တာလေ။ဝသုန့်ကိုလည်းဘာတစ်ခုမှဆွေးနွေးတာလည်းမရှိ။သူမပြောသည့်အတိုင်းဝသုန်လက်ခံမည်ဆိုတာ ကြိုတွက်ပြီးသားထင်ရဲ့။မမနီကလေလို့သာရေရွတ်ရင်း ဘာမှဆက်မပြောနိုင်တော့ပေ။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now