အခန်း (၁၀)

Start from the beginning
                                    

ကြောက်နေသည့်အချိန်ကိုက်ပင် ရုတ်တရပ် ခုတင်ကနည်းနည်းလှုပ်သွားသလို ခံစားလိုက်ရပြီး ခြေကျင်းဝတ်ကို နောက်ကနေ တစ်ယောက်ယောက်က ဆွဲကိုင်လိုက်တာကြောင့် လန့်သွားသည်။

"အား......" ဖုခွင်းက အရင်ကတစ်ခါမှမအော်ဘူးတဲ့ အသံပြဲကြီးနဲ့အော်လိုက်ပြီး တစ်ဖက်ကလည်း ခြေထောက်ကိုခါကာ တစ်ဖက်ကလည်း အပေါ်ကိုတက်သွားသည်။ ခေါင်းရင်းမှာရှိတဲ့ ဖန်ချပ်နဲ့ ဘယ်နှစ်ချက်မှန်းမသိအောင် ဆောင့်မိကုန်သည်။

"ဘာဖြစ်တာလဲ မင်း" လောင်ပါးနဲ့မားက တီဗီကြည့်နေကြတာဖြစ်ပြီး သူအော်လိုက်တဲ့အသံကြောင့် လန့်ပြီး အထဲကို ဝင်လာကြည့်တာဖြစ်သည်။

"သား......" ဖုခွင်း ထပြီး ကုတင်အောက်ကို ခုန်ဆင်းချင်စိတ်ပေါက်သွားပြီး လှည့်ကြည့်လိုက် တော့ အပေါ်ကို လှေကားကနေ တက်ဖို့ရာပြင်နေတဲ့ ဖုရိကျယ်ကို တွေ့လိုက်ပြီး ဖုရိကျယ်က သူ့လက်ကို မြှောက်ထားကာ ထိတ်လန့်တကြား သူ့ကိုကြည့်နေသည်။

သူ ဖုရိကျယ်ကို ကန်ချမိတော့မလို့ နည်းနည်းသာလိုတော့သည် "မင်းအပေါ်တက်လာတာကို ဘာလို့အသံမပေးရတာလဲ"

"သားခေါ်တယ်လေ" ဖုရိကျယ်က သူ့ကိုစိုက်ကြည့်နေသော်လည်း လက်ကိုမှုမြှောက်ထားဆဲဖြစ်သည်။

"ငါ့ကိုခေါ်လိုက်တယ် ငါလည်းမကြားပါလား မင်းမခေါ်လိုက်ဘူးမို့လား" ဖုခွင်း သူ့ကိုယ်သူ ဒီလိုကြောက်ရွံ့ပြလိုက်မိသည်အတွက် အလွန်ရှက်သွားသည်။

သူက ဖုရိကျယ်ရှေ့တွင် အားကြီးတဲ့ အရပ်ရှည် သန်မာပြီး အရှိန်အဝါကြီးတဲ့ ကိုကိုတစ်ယောက်ပုံစံ ဖမ်းချင်တာဖြစ်ပြီး ရုတ်တရပ် ဖုရိကျယ်က တက်လာပြီး ခြေကျင်းဝတ်ကို လာကိုင်တာကြောင့် ဒီလောက်အထိ သိက္ခာကျအောင် ကြောက်ပြမိမယ်လို့ မတွေးထားမိချေ။ အရင် လုပ်ခဲ့တာတွေ အလကားပဲ! အကုန်လုံး ရိုက်ချိုးခံလိုက်ရပြီ !

"ငါလည်း သူ မင်းကို အကြာကြီး ခေါ်နေတာ ကြားလိုက်တယ်" လောင်ပါးက ဖုရိကျယ်ကို တင်ပါးကနေမ၍ အပေါ်ကို တွန်းတင်ပေးလိုက်ပြီး ဖုခွင်းကို လက်ညိုးထိုးကာ "အဲ့လောက်ထိ စိတ်လွတ်သွားရအောင် မင်းဘာတွေများ တွေးနေတာလဲ"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now