".....ကိုယ် လုပ်ချင်နေတဲ့ ကိစ္စဖြစ်နေတာနဲ့ အတော်ပဲ"

ရန်ကျားလိသည် သူ့ကို ကန်ထည့်လိုက်ပြီး ခပ်အုပ်အုပ် ရယ်လိုက်ကာ

"တော်ပါပြီ၊ ဘယ်နှစ်နာရီတောင် ရှိနေပြီလဲ။ အိပ်ပဲ အိပ်လိုက်ပါတော့"

ယဲ့ထင်က သွားစွယ်များကို ဖော်ပြလာပြီး

"ဘာလဲ၊ ကိုယ့်ကို ထောင်အောင် လုပ်သွားပြီးတော့ အခုကျမှ တာဝန်ယူချင်စိတ် မရှိဘဲ မလုပ်တော့ဘူးပေါ့"

ရန်ကျားလိသည် ယဲ့ထင်၏ လူကို အစာအိမ်ထဲ ဝါးမျိုပစ်ချင်နေသည့် နက်မှောင်နေသော မျက်လုံးများကို ကြည့်ရင်း စိတ်ထဲ ကြက်သီးထလာသည်။ လုံးဝ မလွတ်မြောက်နိုင်သည့် အခြေအနေတွင် လုံးဝ ရှိမနေသည့် လက်ပတ်နာရီကို ကြည့်ဟန်ဆောင်လိုက်ကာ ဟိတ်ဟန်လုပ်ပြီး သမ်းဝေလိုက်ရင်း

"အိုး၊ အမှုမဲ့ အမှတ်မဲ့နဲ့ ဒီလောက်တောင် နောက်ကျနေပြီကို။ ပင်ပန်းလိုက်တာ၊ မျက်လုံးတောင် မဖွင့်နိုင်တော့ဘူး။ ငါ့အထင် ငါ....."

စကားမဆုံးသေးခင်မှာပဲ ရန်ကျားလိသည် ခေါင်းတစ်ချက် လှည့်သွားသည်နှင့် ဝက်ပေါက်လေးများအတိုင်း တခေါခေါနှင့် ဟောက်တော့သည်။

ယဲ့ထင်သည် သူ့အား ထိုမျှလောက် မျက်နှာပြောင်တိုက်တတ်မည်ဟု မထင်ထား၍ စိတ်ဆိုးပြီး ခဏလောက် ရယ်မောမိတော့သည်။

ရန်ကျားလိ၏ ဟန်ဆောင်အိပ်နေသည့် ပုံစံကိုကြည့်ရင်း ယဲ့ထင်တစ်ယောက် သိုးသားစားချင်နေလည်း ရှေ့မဆက်ရက်တော့ပေ။ သူသည် လှဲချလိုက်ဖို့သာ တတ်နိုင်တော့ပြီး ရန်ကျားလိအား ရင်ခွင်ထဲ ခပ်တင်းတင်း ဆွဲပွေ့ထားကာ သူ၏ ဦးခေါင်းအား မိမိ၏ ရင်အုပ်ထက် နားခိုစေသည်။

တွေးရင်းတွေးရင်း အနည်းငယ်လည်း စိတ်ဆိုးနေသေး၍ ယဲ့ထင်သည် ရန်ကျားလိ၏ အနောက်ပိုင်းကို ဘတ်ခနဲ ရိုက်လိုက်ကာ တဆတ်တည်း သူ့နားရွက်ကိုပါ ကိုက်လိုက်ပြီး ကြမ်းကြမ်းကြုတ်ကြုတ်နှင့် ပြောလာသည်။

"....မနက်ဖြန်တော့ ကိုယ်သေချာပေါက် သိုးသား စားနိုင်ရမယ်"

ရန်ကျားလိ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ဟန်ဆောင်ကာ မူပိုနေသည့် ဟောက်သံက ပို၍ အားကောင်းလာသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now