သူသည် မခံမရပ်နိုင်စွာနှင့် လက်သီးဆုပ်သဏ္ဍာန် လုံးလိုက်ကာ ယဲ့ထင်၏ ရင်အုပ်ထံ ဦးတည်ပြီး အမေရိကန်ဇာတိ မြေအောင်းတိရစ္ဆာန်လေးအတိုင်း ကျစ်လျစ်သန်မာသည့် ရင်ဘတ်ကြွက်သားများအပေါ် လက်ဝှေ့ထိုးတော့သည်။ (ဒေါသများကို) ဖြေလျော့လိုက်ပြီးနောက် နားလိုက်ကာ မျက်မှောင်ကြုတ်ထားရင်းနှင့် ပြတင်းအပြင်ဘက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။ ပြီးနောက် ကျောမတ်မတ် ရပ်လိုက်ပြီး အခိုင်အမာ စကားဆိုသည်။

"ကိစ္စ မရှိပါဘူး။ ပြဿနာဆိုတာက အမြဲဖြေရှင်း နေရမှာပဲ။ မစမ်းကြည့်သေးဘဲနဲ့ မအောင်မြင်ဘူးဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"

ယဲ့ထင်က သက်ပြင်းချလိုက်ပြီး

"ပေါင်ပေါင်း၊ ဇွတ်မလုပ်ပါနဲ့"

ရန်ကျားလိသည် စိတ်ခွန်အား ပြန်ပြည့်သွားပြီး အနိုင်မခံ အရှုံးမပေးစွာနှင့် ဆိုလာသည်။

"ငါကတော့ ဇွတ်လုပ်ရမှာပဲ"

သူသည် ကိုယ်ခန္ဓာကို တစ်ချက်ရွေ့လိုက်သည်နှင့် ယဲ့ထင်၏ သန်မာရှည်သွယ်သည့် ခြေထောက်တစ်စုံပေါ် ခွထိုင်လိုက်ကာ ယဲ့ထင်၏ မျက်နှာကို ညှစ်လိုက်ပြီး ကျီဆယ်စွာဆိုသည်။

"တချို့ကိစ္စတွေက မကြိုးစားကြည့်ဘဲနဲ့ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကို ဘယ်လိုသိမှာလဲ။ ငါအဲ့တုန်းက မကြိုးစားခဲ့ဘူး၊ အရှက်မရှိတဲ့ ပုံစံနဲ့ မင်းကို ပိုးပန်းဖို့ အားမထုတ်ခဲ့ဘူးဆိုရင် ငါမင်းကို ကုတင်ပေါ် လှဲချနိုင်ဦးမှာလား"

ယဲ့ထင်သည် မျက်လုံးကျဥ်းမြောင်းသွားပြီး လည်ချောင်းသည်ပင် အနည်းငယ် ခြောက်သွေ့သွားသည်။

သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး ပြုံးလိုက်ကာ

"ကုတင်ပေါ် လှဲချတာ၊ ဒီစကားလုံးကို သုံးသွားတာ မဆိုးဘူးပဲ"

ယဲ့ထင်သည် ခါးကို တစ်ချက် အားထည့်လိုက်သည်နှင့် ရန်ကျားလိ တစ်ယောက်လုံးကို ခန္ဓာကိုယ်အောက် ဖိထားလိုက်နိုင်သည်။ နက်မှောင်နေသည့် မျက်လုံးများက နိုင်စားလိုစိတ်ရှိပြီး ကြမ်းကြမ်းကြုတ်ကြုတ်နှင့် ထကြွသောင်းကျန်းနေသော ကျားကြီးအတိုင်း တစ်ရာ ရာခိုင်နှုန်း ကျူးကျော်ဝင်ရောက်ချင်နေပြီး

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now