~real love~ part-3

Start from the beginning
                                    

"သူနဲ့ ကျနော်အတန်းမတူပါဘူး ဦးလေး"

သူပြန်ဖြေလိုက်တော့ဦးလေးကြီး၏မျက်နှာမှာ မျှော်လင့်ချက်ပျောက်သွားသည့်နှယ် မျက်ဝန်းတစ်စုံ၌လည်း စိုးရိမ်သည့်အရိပ်ယောင်များဖြတ်ပြေးသွားပြီး နှုတ်မှလည်း ခက်တိုးတိုးရေရွတ်လိုက်သည့်စကားတစ်ခွန်း....

'သခင်လေးက အခုလိုမိုးရွာနေရင် အရမ်းကြောက်တတ်တာ'

ထိုစကားကြောင့်ထိုဦးလေးကြီးသာမက သူပါစိုးရိမ်သွားခဲ့ရသည်။ဘာကြောင့်စိုးရိမ်မိသွားမှန်းလဲကိုယ့်ကိုယ်ကိုမသိ....

"ကျနော် ကျောင်းဝန်းထဲလိုက်ရှာပေးပါ့မယ် ဦလေး"

"အဲ့ဒါဆိုရင်ဖြင့် ဦးလေး အကူညီတောင်းပါတယ်ကွယ်"

ဦးလေးကြီးအားခေါင်းညိတ်ပြကာကျောင်းဝင်းထဲသိုတစ်ဖန်ပြန်ပြေးဝင်လာခဲ့ရပြန်သည်။

နာရီဝက်ကျော်ကြာသည်အထိကျောင်းဝန်းထဲပတ်ရှာနေသော်လည်းတစ်နေရာမှမတွေ့သေးပေ။ကျောင်းပေါက်ဝမှာရပ်စောင့်နေသည့်ဦးလေးကြီးလည်းစိတ်ပူပြီးမျှော်နေလောက်ရောပေါ့။ကျောင်းသား /သူ မိဘများကျောင်းထဲဝင်ခွင့်မရှိ ဟူသည့် ကျောင်းစည်းကမ်းချက်ကြောင့် မည်သူ့မိဘများမှ စည်းကမ်းချိုးဖောက်ပြီးကျောင်းဝန်းထဲမဝင်ရဲကြ။

ဂျုံဆောင်းမိုးရေထဲမှာပင်ထီးတစ်လက်နှင့်လိုက်ရှာနေမိသည်မှာ နေရာပင်စုံနေလေပြီ။
အလယ်တန်းကျောင်းဆောင်ရှေ့တွင်ခဏရပ်ပြီး ဦးနှောက်အားအလုပ်ပေးမိသည်။နောက်ဆုံးဖြတ်ကနဲပေါ်လာမိသည့်နေရာတစ်ခု ထိုနေရာက ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်သွားခွင့်မပြုထားသည့်ကျောင်းဝန်းထဲရှိနေရာတစ်ခု၊ ထိုနေရာက အလယ်တန်း ဆရာ/ဆရာမများ နားနေဆောင်အနောက်ဘက်ရှိ သစ်ပင်ကြီးများရှိရာနေရာပင်ဖြစ်သည်။ ကျောင်းသားတစ်ယောက်အဆုံးစီရင်ထားသည့်ကိစ္စကြီး ပြီးသည်နှင့် ထိုနေရာအားတစ်ယောက်မှသွားခွင့်မရှိတော့ဟု ပြောပြလာခဲ့သည့် မင်ဟိုကြောင့်သူ ဒီကိစ္စများအားသိခဲ့ရခြင်းပင်။ သွားသင့်မသွားသင့်ဦး‌ေနှာက်စဉ်းစား‌နေ
တုန်းမှာပင်ခြေထောက်များကထိုနေရာသို့‌ခြေလှမ်း လှမ်းနေပြီဖြစ်သည်။

♡Real Love♡Where stories live. Discover now