နှင်းဆီကြောက်ကြောက်နဲ့ရှေ့တိုးသွားသည်၊

'ဒူးထောက်'

'ရှင်'

'ဒူးထောက်စမ်း ဆူးနှင်းဆီ'

'ဟုတ် ဟုတ်ကဲ့'

သူမဒူးထောက်လိုက်ရသည်

'ငါ့ကိုအာခံတဲ့အတွက်နင့်မှာအပြစ်ရှိတယ် အဲတော့အပြစ်ခံယူရမယ်'

ပြောပီးသည်နှင့်မုန့်ဟင်းခါးပန်းကန်ကိုနှင်းဆီပေါင်ပေါ် လောင်းချလိုက်သည်

'အား အမေ ပူတယ် ပူတယ် အိတုံ'

'အီးဟီး မမလေး မမလေး ရရဲ့လား'

အိတုံသူ့မမလေးကိုပြေးထူလိုက်သည်

'အား ပူတယ် အဟင့် ဟင့်'

'မမလေးရယ် ခ ခ ခနနော် အိတုံ ရေသွားယူခဲ့မယ်'

'ရပ်စမ်း'

'ဟင်'

အိတုံ ရပ်လိုက်ရသည်၊

'အစေခံမ နင်လဲဒီလာစမ်း'

'ဟင်'

'လာစမ်းလို့ပြောနေတယ်လေ'

'ဟုတ် ဟုတ်သခင်မကြီး'

အိတုံအနားရောက်သည်နှင့်ခေါင်းပူထူသွားသည်အထိခေါက်ခံလိုက်ရပြီး၊

'နင်လဲအတူတူပဲငါ့ကိုမထီလေးစား လုပ်နေတာ ငါမသိဘူးထင်နေလား '

'မ မဟုတ်ပါဘူးသခင်မကြီးရယ်'

'တော်စမ်း ဘာမှဆင်ခြေမပေးနဲ့ ခုချက်ချင်းအောက်ကျနေတဲ့အပေတေကိုရှင်း နင်ရောအဲဟာမရော ဒီမနက်ဘာမှမစားနဲ့ ကြားလား'

'ဟုတ် ဟုတ်ကဲ့'

ပြီးနောက်နှင်းဆီဘက်လှည့်ကာ၊

' နင်ဒီနေ့ဈေးသွားဝယ် ငါစားချင်တာအကုန်ချက်ရမယ် ဘာပိုက်ဆံမှလာမတောင်းနဲ့ မရရအောင်လုပ် ကြားလားဆူးနှင်းဆီ'

'ဟင် နှင်းဆီမှာ'

'ငါပြောပီးပီနော် မဟုတ်ရင်ငါ့အဆိုးမဆိုနဲ့'

ပြောပီးထထွက်သွားသည်၊
အိတုံ မမလေးအနားပြေးကပ်ကာ၊

'မမလေး အဟင့် ရရဲ့လားဟင်'

'ရပါတယ်အိတုံရယ် အား ကျွတ်ကျွတ်'

'အိတုံဆေးလိမ်းပေးမယ် လာမမလေး'

နေမာန်နရဲ့ ဆူးနှင်းဆီ   /  နေမာန်နရဲ့ ဆူးနှင်းဆီ OC  (Completed)Where stories live. Discover now