ရုပ်ချောကြီး ချန်ဇီရန် : ... တကယ်ကြီးလားကွ

ရုပ်ချောကြီး ချန်ဇီရန် : သူနဲ့ငါ တော်တော်လေးတူတာပဲ

ခန့်မှန်း : ဒါဆို ငါ သွားလိုက်တော့မယ်၊ မင်းတို့နှစ်ယောက်ပဲ တွဲလိုက်ကြတော့

ရုပ်ချောကြီး ချန်ဇီရန် : [မဟုတ်ပါဘူး၊ ကျွန်တော်က အဖြောင့်​ပါဗျ].ပုံ

ရုပ်ချောကြီး ချန်ဇီရန် : ဒါပေမယ့် ငါတကယ်ကို သိချင်နေတာတစ်ခုတယ်၊ ​​မင်းနဲ့သူ့ကြားမှာ တူညီတာတစ်ခုမှမရှိဘူးလို့ မင်းခံစားနေရတာမှတ်လား?? ဒီလို Relationship က ရှေ့ဆက်ရော လက်တွဲထားနိုင်ပါ့မလား??

တကယ်တော့ ရှန်းချိုက်ကိုယ်တိုင်လည်း မြောက်နှင့်တောင်ကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်နေသော သူနှင့်စန်မန်ချွမ်တို့ မည်ကဲ့သို့လက်တွဲခဲ့မိပုံကို သိချင်နေမိသည်။

- - - - - - - - - - -

မျက်စိတစ်မှိတ်အတွင်းမှာပဲ ရုံတင်ပြသမည့်နေ့သို့ ရောက်လာ၏။

ခန်းမကြီးထဲ၌ တလက်လက်တောက်ပနေသော ကြယ်ပွင့်လေး (နာမည်ကြီး) များစွာ စုရုံးရောက်ရှိနေကြလေသည်။

ရုပ်ရှင်ဧကရာဇ်သည် မတိုင်မီက ပြည်တွင်းနှင့်ပြည်ပရှိ ဆုတံဆိပ်များစွာကို မကြာခဏရယူဖူးလေ့ရှိပြီး မထင်မရှားသာနေထိုင်တတ်သည့်အပြင် မီဒီယာ၌လည်း ပေါ်လာခဲလှ၏။

ရှန်းချိုက်သည်လည်း ရုပ်ရှင်ဧကရာဇ်၏ ပရိသတ်များထဲမှတစ်ဦးဖြစ်ကာ ရုပ်ရှင်ဧကရာဇ်အကြောင်း အလွန်သိချင်သော်လည်း ချန်ဇီရန်ကိုတော့ ဘယ်သောအခါမှ မေးမြန်းလေ့မရှိပေ။

ခန်းမနေရာကို မြို့အနောက်ဘက်တွင် ရွေးချယ်ထားခြင်းဖြစ်ပြီး ခန်းမကြီးသည်လည်း လူထောင်ပေါင်းများစွာကို ဧည့်ခံနိုင်လောက်အောင်  ကျယ်ဝန်း၏။  ရှေ့ဆုံးတန်းရှိသူများသည် ရုပ်ရှင်ဧကရာဇ်နှင့် ပုဂ္ဂိုလ်ရေးအရ ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အသိုင်းအဝိုင်းအတွင်းရှိ လူများဖြစ်ကြသည်။

ချန်ဇီရန်ပေးထားသော ရှန်းချိုက်၏လက်မှတ်သည်လည်း ရှေ့ခုံတန်းများနှင့် အလွန်နီးကပ်၏။ အဝင်အထွက်လည်းလွယ်ကူပြီး ပဉ္စမတန်း၏ဘေးဘက်ရှိ ထိုင်ခုံတစ်ခုတွင်ဖြစ်သည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now