ရုပ်ချောကြီး ချန်ဇီရန် : ငါ တစ်ခါတလေကျရင် မင်းကို မနာလိုဘူး

ခန့်မှန်း : မင်းက ဘာကိစ္စ ငါ့ကို မနာလိုရတာလဲ??

ရုပ်ချောကြီး ချန်ဇီရန် : မင်း သိပ်နာမည်မကြီးလို့ ငါမနာလိုဖြစ်တာ

ခန့်မှန်း : ...

ခန့်မှန်း : [အတောင်ပံဖြန့်ထားသော ငန်းလေး].Gif

ခန့်မှန်း : [ဟိုဆိတ်ဒီဆိတ် လုပ်နေသောငန်းလေး].Gif

ခန့်မှန်း : [ခွေးနောက်ပြေးလိုက်နေသောငန်းလေး].Gif

ချန်ဇီရန်ကတော့ ငန်းတစ်ကောင်မှာ လူတစ်ဦးအား လိုက်ဆိတ်နေသော်လည်း ထိုလူကသာ ငန်း၏လည်ပင်းကို ဆုပ်ကိုင်လိုက်နိုင်သော ဗီဒီယိုအတိုလေးအား ပေးပို့လာ၏။

ရုပ်ချောကြီး ချန်ဇီရန် : လေးလေးနက်နက် စကားတွေ ပြောကြည့်ရအောင်

ခန့်မှန်း :  [သံသယကြီးနေသော ငန်းများ].ပုံ

ခန့်မှန်း :မင်းပါးစပ်ထဲကနေ လေးနက်တဲ့စကား ထွက်လာနိုင်သေးတယ်

ရုပ်ချောကြီး ချန်ဇီရန် : လာမယ့်အပတ်မှာရုံတင်တော့မယ့် စာပေဆုရဇာတ်ကားက ငါရိုက်ထားတာလေ

ခန့်မှန်း : မင်း သုံးခန်းလောက်ပဲမျက်နှာပေါ်လာတဲ့ ရုပ်ရှင်ဧကရာဇ်ရဲ့ကားကို ပြောနေတာလား??

ရုပ်ချောကြီး ချန်ဇီရန် : ငါ့ကုမ္ပဏီတောင် ငါ့ကို အဲ့ဒီ့အဖွဲ့ထဲပို့ပေးဖို့ အလုပ်အများကြီး လုပ်ခဲ့ရသေးတယ်

ရုပ်ချောကြီး ချန်ဇီရန် : ငါ့လက်ထဲမှာ ဆွေမျိုးတွေနဲ့သူငယ်ချင်းတွေအတွက် နေရာနည်းနည်းရထားတယ်... ဒီမှာ မင်းရဲ့ချစ်သူလေးနဲ့အတူလာဖို့  လက်မှတ်နှစ်စောင်

ရှန်းချိုက်သည် ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် အမြန်ပြန်ဖြေလိုက်၏။

ခန့်မှန်း : တစ်စောင်ဆို ရပြီ

ရုပ်ချောကြီး ချန်ဇီရန် : ဘာဖြစ်လို့လဲ?? မင်းချစ်သူ နေမကောင်းဘူးလား??

ခန့်မှန်း: မဟုတ်တာတွေ လျှောက်မတွေးနဲ့

ခန့်မှန်း : ဘတ်စကတ်ဘောနဲ့ တခြားကစားနည်းတွေကလွဲရင် သူက ငါ့လို အနုပညာစာပေလက်ရာတွေကို စိတ်မဝင်စားဘူး၊ အဲ့ဒီ့ကိုရောက်သွားရင်လည်း သူ အိပ်ပျော်သွားမှာပဲ

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now