စာစဉ် ၇၃ (၁၃-၁၈)
Start from the beginning
“အဲ …” အခုမှ အသိပြန်ကပ်သွားသည့် လင်းချွေ့ မှာ တခနလောက် အံ့သြသွားမိပြီး ချက်ချင်း ခေါင်းယမ်းတော့သည် ။
“မ မ မရောက်ဖူးဘူး ။ ငါ မရောက်ဖူးဘူး ။ သခင်လေး ရှန်း ကို ဘယ်လိုလုပ်ပြီး သိမှာလဲ ။ သခင်လေး ရှန်းက ချမ်းသာတယ်လို့ မင်းတို့ပဲ ပြောလိုက်တာ မဟုတ်ဘူးလား ။ မင်းတို့ ပြောလို့ ငါက ဒီတိုင်းပဲ ပြောလိုက်တာ အထင်မလွဲနဲ့ ။ ငါ့အမြင်မှာတော့ အချစ်စစ်က တန်ဖိုးဖြတ်လို့ မရဘူး ။ လူဆိုတာက မွေးတစ်နေ့သေတစ်နေ့ သေသွားရင် အဲ့ဒီလူတွေကို တစ်ခါတည်း ယူသွားလို့ မရဘူးလေ ။ ဘာပဲပြောပြော ငါ့အစ်ကို ၉ နဲ့ အစ်မ ၉ က လက်ထပ်ပြီးနေပြီ ။ ဒါကို မင်းတို့ကောင်တွေ မျက်မမြင် တောထဲ ဇွတ်တိုးနေသလို ဘာတွေ လျှောက်ပြော ပြောနေ ကြတာလဲ ။ လက်ထပ်တာက အတူနေသွားဖို့ ကွာရှင်းဖို့ မဟုတ်ဘူးဆိုတာကို မကြားဖူးကြဘူးလား ။ မဟုတ်တာတွေ လျှောက်မပြောကြနဲ့တော့”
“မင်းတို့တွေ ပြောလို့ ပြီးကြပြီလား”
လင်းချွေ့  စကားမဆက်နိုင်ခင် အီလဲဗင်းသည် အေးစက်စွာ ၀င်ပြောလေသည် ။
“မတွေ့ ရတာ အတော်လေး ကြာပြီနော် ၇ ကြီး”
“ဟက် … ညီလေး ၉ .. မတွေ့ ရတာ တကယ်ကြီး ကြာနေပြီ ။ မင်းနှလုံးသားတောင် ပုပ်ဆွေးနေလောက်ရောက်ပေါ့”
အီလဲဗင်းက စီရီဟန်၏မျက်လုံးတို့ကို စိုက်ကြည့်ကာ ပြောလိုက်၏ ။
“ဒါက ငါတို့ကြားက ကိစ္စ ။ ၀မ်ဝမ်ကို အရင်သွားခိုင်းလိုက်”
စီရီဟန် ပြောလိုက်၏ ။
အီလဲဗင်းက ထရယ်၏ ။
“ဟုတ်တာပေါ့ ဘာပဲပြောပြော ရီဝမ်ဝမ်က ငါ့ရဲ့ဆရာပဲဟာ .. ငါ သူ့ ကို မွေးညင်းတစ်ပင်တောင် ထိခိုက်အောင် လုပ်ဖို့ စိတ်ကူးမရှိဖူးဘူး ။ မင်းကို မျှားထုတ်ချင်လို့သာ မဟုတ်ရင် အခုချိန်မှာ ငါ ရီဝမ်ဝမ်နဲ့ အရက်လေးဘာလေးသောက်ရင်း စကားအေးအေးဆေးဆေး ပြောနေလောက်ပြီ ။ ဘာလို့ ရန်လုပ်ရမှာလဲ”
“ဟေ့ စကားပြောတာက ပြောလို့ရတယ်
အရက်တော့ သောက်လို့ မရဘူးနော်”
ခုနစ်စင်ကြယ်က ဖြတ်ပြောသည် ။